my_tn/act/03/04.md

2.2 KiB

ထိုအခါပေတရုနှင့် ယောဟန်တို့သည် ထိုသူကို စေ့စေ့ကြည့်ရှု၍

ပေတရုနှင့် ယောဟန်နှစ်ဦးစလုံးကြည့်သော်လည်း ပေတရုတစ်ဦးသာ ထိုသူကို စကားပြောသည်။

ထိုသူကို စေ့စေ့ကြည့်ရှု၍

အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မျိုးရှိသည်။ (၁) ထိုသူကို တည့်တည့်ကြည့်ရှုသည်။ (၂) ထိုသူကို လေးနက်စွာစူးစိုက်ကြည့်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထိုသူသည် တမန်တော်တို့ကို မျှော်ကြည့်လျက်

'မျှော်ကြည့်' ဟူသော စကားလုံးသည် အာရုံပြု ကြည့်ရှုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် 'ခြေမစွမ်းသောသူသည် သူတို့ကို အာရုံစိုက်၍ ကြည့်မျှော်သည်။'

ရွှေ၊ ငွေ

ငွေကြေးအဿပြာကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှိသည့်အရာ

ပေတရုသည် ထိုလူကို အနာငြိမ်းပေးနိုင်ကြောင်းကို ရည်ရွယ်၍ ပြောဆိုသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ယေရှုခရစ်၏နာမတော်အားဖြင့်

'နာမတော်' ဟူသော စကားလုံးသည် တန်ခိုးနှင့် အခွင့်အာဏာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် 'ယေရှုခရစ်၏ အခွင့်အာဏာတော်၌' (ရှု၊ rc://*/ta/man/translate/figs-metonymy)