my_tn/act/01/01.md

28 lines
3.3 KiB
Markdown

# ဆက်စပ်မှုဖော်ပြချက်
လုကာက မည်သည့်အတွက် သော်ဖိလုအား စာရေးရသည့်အကြောင်းကို ရှင်းပြသည်။
# အထက်ကျမ်းစာကို ငါစီရင်ရေး ထားပါပြီ
"အထက်ကျမ်းစာ" ဟူရာတွင် ဦးစွာပြုစုခဲ့သော ရှင်လုကာ၏ ခရစ်ဝင်ကျမ်းဖြစ်သည်။
# သော်ဖိလု
လုကာသည် ဤစာအုပ်၌ သော်ဖိလုအမည်တွင်သော လူပုဂ္ဂိုလ်ကိုရေးသားထားသည်။ တစ်ချို့ဘာသာပြန်ထားချက်များကို လေ့လာကြည့်လျှင် "ချစ်သော သော်ဖိလု" ဟူ၍ လိပ်မူပြီးရေးသားထားသည်ကို ပထမဆုံးစာကြောင်းတွင် တွေ့နိုင်သည်။ "သော်ဖိလု"၏ အဓိပ္ပာယ်မှာ "ဘုရားသခင်၏မိတ်ဆွေ" ဟူ၍ ဖြစ်သည်။ (ရှု၊ [[rc://*/ta/man/translate/translate-names]])
# အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသမျှတို့ကိုထုတ်ဘော်၍
သခင်ယေရှုကောင်းကင်သို့ ချီဆောင်တက်ကြွခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ယေရှုကို ကောင်းကင်သို့ ချီဆောင်တော်မူသွားသည့်တိုင်" သို့မဟုတ် "ယေရှုကောင်းကင်သို့ ချီဆောင်တက်ကြွတော်မူသည့်တိုင်" (ရှု၊ [[rc://*/ta/man/translate/figs-activepassive]])
# ဝိညာဉ်တော်အားဖြင့် မှာထား ပြီးမှ
သန့်ရှင်းသော ဝိညာဉ်တော်က ဦးဆောင်သော အရာမှန်သမျှကို သခင်ယေရှုသည် သူ့တပည့်များကို လမ်းညွှန်သည်။
# အသေခံတော်မူပြီးလျှင်
သခင်ယေရှု၏ ကားတိုင်ပေါ်တွင် ဒုက္ခဝေဒနာခံစားရခြင်းနှင့် အသေခံတော်မူခြင်းကို ရည်ညွှန်းသည်။
# မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏
သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် သူ၏ တပည့်တော်များနှင့် များစွာသောတမန်တော်များကို ကိုယ်ထင်ရှားပြသခဲ့သည်။