my_tn/3jn/01/11.md

3.9 KiB

ယေဘုယျအချက်အလက်

"ငါတို့"ဟု ပြောသောအခါ ဂါယုမပါပဲ၊ ယောဟန်နှင့်တကွ သူနှင့် အတူရှိသောသူများကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-exclusive)

အချင်းချစ်သူ

ယုံကြည်သူဓမ္မမိတ်ဆွေများအား စစ်မှန်စွာချစ်ကြောင်း သုံးနှုန်းထားသောစကားဖြစ်သည်။

မကောင်းသောနည်းကိုမလိုက်နှင့်

လူများလုပ်သော မကောင်းသောအရာများကိုလိုက်မလုပ်နှင့်။

ကောင်းသောနည်းကိုသာလိုက်လော့

အခြားသောဘာသာပြန်ဆိုချက်- " လူများလုပ်သော ကောင်းသောအရာများကိုလိုက်လုပ်ပါ။" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဘုရားသခင်နှင့်စပ်ဆိုင်၏

ဘုရားသခင်နှင့်ဆိုင်သော

ဘုရားသခင်ကို မသိမမြင်ရပြီ

"ဘုရားသခင်နှင့်မသက်ဆိုင်သောသူ" သို့မဟုတ် "ဘုရားသခင်ကို မယုံကြည်သောသူများ"

လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏

ဤစကားကိုပြုလုပ်သူနေရာမှနေ၍ ပြော၍ရသည်။ အခြားသောဘာသာပြန်ဆိုချက်- "ဒေမေတရိကို သိသောသူအားလုံးသူ့အကြောင်းကို သက်သေခံပြောကြားကြသည်။ " သို့မဟုတ် "ဒေမေတရိကို သိသောသူတိုင်း သူ့ကောင်းကြောင်းကိုပြောကြသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဒေမေတရိ

ဤအမျိုးသားသည် အသင်းတော်သို့လာသောအခါ ယောဟန်က ဂါယုနှင့်အသင်းသူအသင်းသားများ မိမိအားကြိုဆိုသလို ကြိုဆိုလက်ခံစေလိုသောသူတဦးဖြစ်နိုင်ပါသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏

"သမ္မာတရားကိုယ်တိုင် သူ့ကောင်းကြောင်းကိုပြောသည်။" ဤနေရာတွင် "သမ္မာတရား" ကိုစကားပြောသောလူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "သမ္မာတရားသိသောသူတိုင်းသူလူကောင်းတစ်ဦးဖြစ်ကြောင်းကို သိသည်။" (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-explicit]])

ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏

အခြားသောဘာသာပြန်ဆိုချက်- "ဒေမေတရိ ကောင်းကြောင်းကို ငါတို့ပြောကြ၏။" (ရှု၊ rc://*/ta/man/translate/figs-ellipsis)