my_tn/3jn/01/05.md

4.2 KiB

ဆက်စပ်မှုဖော်ပြချက်

ယောဟန်မှစာကိုရေးသားရခြင်း၏ရည်ရွယ်ချက်မှာ ဂါယုက နယ်လှည့်ကျမ်းစာသင် ဆရာများအား ဂရုစိုက်ပြုစုခြင်းအတွက် ချီးမွမ်းစကားရေးသားခြင်းဖြစ်သည်။ ထို့နောက်ကောင်းသူနှင့် မကောင်းသူအကြောင်းပြောထားသည်။

ယေဘုယျအချက်အလက်

ကျွန်ုပ်တို့ဟူသောစကား သုံးရာတွင် ယောဟန်နှင့်တကွ သူနှင့်အတူရှိသောသူများနှင့် ယုံကြည်သူအားလုံးပါ၀င်နိုင်ခြေရှိသည်။

အချင်းချစ်သူ

ယုံကြည်သူဓမ္မမိတ်ဆွေများအား စစ်မှန်စွာချစ်ကြောင်း သုံးနှုန်းထားသောစကားဖြစ်သည်။

ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီ ပြုတတ်၏

"သင်သည်ဘုရားကိုသစ္စာရှိသောအလုပ်ကိုပြုလုပ်သည်" သို့မဟုတ် "သင်သည်ဘုရားကိုသစ္စာရှိသည်"

ညီအစ်ကိုတို့အား၎င်း၊ အာဂန္တုတို့အား၎င်း ပြုသမျှသောဝတ်

ဓမ္မမိတ်ဆွေများနှင့် သူစိမ်းများအား ကူညီခြင်း

ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏

သူစိမ်းများက သင်၏မေတ္တာပြခဲ့သော အရာများကို ယုံကြည်သူအသင်းတော်ရှေ့၌ ကြားပြော၏။

သင်သည်ထိုသူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်

သူတို့အား ပြန်ပို့ပါရန် ကျွန်တော်လေးစားစွာ တောင်းဆိုပါသည်။

အကြောင်းမူကား ထိုသူတို့သည် နာမတော်ကိုထောက်၍

ဤနေရာတွင် "နာမတော်" သည်ယေရှုကိုညွှန်းဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "ထိုသူတို့သည် ယေရှုအကြောင်းကို လူတို့အားပြောကြားရန် ထွက်ခွာသွားကြသည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အလှူမခံဘဲသွားကြ၏

မည်သည့်အကူအညီနှင့် လက်ဆောင် ကိုမျှလက်မခံပါ။

သာသနာပလူ

ဤနေရာတွင်"သာသနာပလူ" ဆိုသည်မှာယုဒလူမျိုးမဟုတ်သောသူများသာမဟုတ်ပါ။ ဤစကားသည် ယေရှုကို မယုံကြည်သောသူများကို ဆိုလိုခြင်းသည်။

ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ

ထို့ကြောင့်လူအပေါင်းတို့အား ဘုရားသခင်၏သမ္မာတရားဟောကြားရာတွင် သူတို့နှင့်အတူ လုပ်ဆောင်နိုင်မည်။