my_tn/2ti/03/01.md

4.6 KiB

ဆက်စပ် ဖော်ပြချက်

ရှင်ပေါလုသည် တိမောသေအား နောင်ကာလတွင် လူတို့သည် အမှန်တရားကို ကျောခိုင်းမည်ဖြစ်ကြောင်း နှင့်ညှဉ်းပန်းနှိပ်စက်မှုများလာခဲ့လျှင်လည်း သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် အပေါ်တွင် မှီခိုနိုင်ကြောင်းကို အသိပေးပြောဆိုခဲ့သည်။

နောင်ကာလ

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ (၁) ရှင်ပေါလု၏ နောက်၌ လာမည့်အချိန်၊ အခြားသောဘာသာ ပြန်ဆိုချက်၊ " ယေရှု ပြန်မလာခင် အချိန်" သို့မဟုတ် " (၂) ဤအရာသည် ရှင်ပေါလု၏ အချိန် အပါအဝင် ခရစ်ယာန်တို့၏ အချိန်ကာလများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နောက်ဆုံးသော ကာလမတိုင်ခင် ဤကာလအတောအတွင်း" ဟူ၍ဖြစ်သည်။

ခဲယဉ်းသော ကာလ

ဤကာလများသည် ခရစ်ယာန်များ ဒုက္ခဆင်းရဲ နှင့်အန္တရာယ်များကို တွေ့ရမည့်နေ့ရက်များ၊ လများ သို့မဟုတ် နှစ်များပင် ဖြစ်သည်။

ကိုယ်ကိုကိုယ်ချစ်သောသူ

ဤနေရာတွင် "ချစ်သောသူ" သည် ညီအစ်ကို အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ မိသားစုဝင် အချင်းချင်း အကြားတွင်ရှိသော ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာကို ဆိုလိုသည်။ ဤအရာသည် ဘုရားသခင်ထံမှလာသော ချစ်ခြင်းမေတ္တာ မဟုတ်ပါ။ အခြားသောဘာသာ ပြန်ဆိုချက်၊ "တစ်ကိုယ်ကောင်းဆန်သော"

ဝါကြွားသောသူ

"မိမိ၏ အကြောင်းကို ဝါကြွားသော ပုံစံဖြင့် ပြောသောသူ"

ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ

"မိမိ၏ မိသားစုကို မချစ်သောသူများ"

ရန်ငြိုးဖွဲ့သောသူ

"သူတစ်ပါးနှင့် သဘောထား မတိုက်ဆိုင်သောသူများ" သို့မဟုတ် " "သူတစ်ပါးနှင့် သင့်တင့်အောင် မနေသောသူများ"

ချောစားတတ်သောသူ

"မှားယွင်းစွာ စွပ်စွဲတတ်သော သူများ"

ပြင်းထန်သူ

"ကြောက်စရာကောင်းသောသူ" သို့မဟုတ် " သူတို့သည် အခြားသောသူများကို ထိခိုက်အောင် ပြုလုပ်သည်"

သူတော်ကောင်းကို မုန်းသောသူ

"ကောင်းသောအရာကို မုန်းသောသူ"

သတိပေးခြင်းကို မခံသောသူ၊

"အကျိုးအကြောင်းကို မဆင်မခြင် မစဉ်းစားသောသူ" ၊ဤအဓိပ္ပာယ်မှာ "အကျိုးဆက်ကို မစဉ်းစားဘဲ ပြုလုပ်သောသူ" ဟု ဆိုလိုသည်။

မာန်မာနနှင့်ယစ်မူးသောသူ

"ထိုသူတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးထက် ပိုကောင်းသည် ဟုထင်ကြသည်။"