my_tn/2ti/01/15.md

3.2 KiB

ငါ့ကိုပယ်ကြပြီ

ရှင်ပေါလုသည် သူတို့၏ ကူညီမှု ရပ်ဆိုင်းခြင်းကို သူတို့သည် လူကိုယ်တိုင် သူ၏ထံမှ ထွက်သွားသကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ သူတို့သည် ရှင်ပေါလုကို စွန့်ပစ်ခြင်းမှာ အာဏာပိုင်များက သူ့အားအကျဉ်းထောင်ထဲသို့ ပို့ခြင်းကြောင့်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အား ကူညီမှုကို ရပ်ဆိုင်းခြင်း" ဟု ဆိုလိုသည်။

ဖုဂေလုနှင့် ဟေရမောဂင်..........ဩနေသိဖော်

ဤသည်တို့မှာ အမျိုးသားများ၏ အမည်များဖြစ်သည်။

အိမ်၌

"မိသားစု သို့"

ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊

ဤနေရာတွင် "သံကြိုး" သည် အကျဉ်းကျနေခြင်းကိုဆိုလိုသည်။ ဩနေသိဖော် သည် ရှင်ပေါလုအကျဉ်းထောင် ထဲတွင် ရှိနေခြင်းကို မရှက်ဘဲ မကြာခဏ လာရောက်လည်ပတ်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အကျဉ်းထောင်ထဲတွင် ရှိနေခြင်းကို မရှက်ဘဲ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူသည်..........သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။

"ဩနေသိဖော်သည် သခင်ဘုရား၏ လက်မှ ကရုဏာတော်ကို ခံရပါစေ" သို့မဟုတ် "သခင်ဘုရားသည် သူ့ကိုကရုဏာတော် ပြသပါစေ"

သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊

ရှင်ပေါလုသည် ကရုဏာတော်ကို ရှာ၍တွေ့သော အရာဝတ္ထုတစ်ခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထိုနေ့ရက်၌

ဤအရာသည် ဘုရားသခင်က လူသားများကို တရားစီရင်မည့် နေ့ရက်ကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)