my_tn/2th/03/13.md

2.4 KiB

သို့သော်လည်း

ဤစကားလုံးမှာ ပျင်းရိသော ယုံကြည်သူများနှင့် အလုပ် ကြိုးစားသော ယုံကြည်သူများ ခြားနားမှုကို ဖော်ပြရန် သုံးသော စကားဖြစ်သည်။

ညီအစ်ကိုတို့

သက်သလောနိတ်မြို့ရှိ ယုံကြည်သူများကို ရည်ညွှန်းခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ညီအစ်ကိုတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ဤစာပိုဒ်တွင် ခရစ်ယာန်မိတ်ဆွေများအားလုံး (အမျိုးသား၊ အမျိုးသမီး) ကို ဆိုလိုသည်" (ရှု၊ rc://*/ta/man/translate/figs-gendernotations)

စိတ်ပျက်ခြင်း မရှိဘဲ

ဤစာပိုဒ်တွင် "စိတ်ပျက်ခြင်း" ဆိုသည်မှာ မောပန်းနွမ်းလျခြင်း၊ စိတ်အားငယ်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စိတ်ပျက် ခြင်းမရှိဘဲ" ဟုဆိုခြင်းမှာ စိတ်အားမငယ်ပါနှင့် ဟု ဆိုခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

ထိုသူကို မှတ်ကြလော့

ထိုသူသည် မည်ကဲ့သို့သောသူ ဖြစ်သည်ကို သိကြပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသိရှင်ကြား ထုတ်ဖော်ပါ" (ရှု၊ rc://*/ta/man/translate/figs-idiom)

ရှက်ကြောက်စေခြင်းငှါ

ပျင်းရိသောသူများသည် အရှက်ရကာ စည်းကမ်းနှင့်အ သက်ရှင်တတ်ရန်အတွက် ယုံကြည်သူများကို ရှင်ပေါလု က သွန်သင်သည်။