my_tn/2sa/20/17.md

4.0 KiB

ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါ

မိန်းမသည် မိမိကိုယ်ကို "ကိုယ်တော့်ကျွန်မ" ဟူ၍ ရည်ညွှန်းပြောဆိုသည်။ ဤသည်မှာ မိမိထက် ရာထူးအဆင့်အတန်းမြင့်သော သူအား ပြောရာ၌ ယဉ်ကျေးသော အသုံးအနှုန်း ဖြစ်သည်။

တိုင်ပင်၍ အမှုကို ဆုံးဖြတ်ပါလေစေ

ထိုအကြံသည် ပြဿနာကို ပြေလည်စေမည်။

သစ္စာစောင့်သောသူဖြစ်ပါ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူတို့နေထိုင်ရာ ငြိမ်းချမ်းခြင်း နှင့် ယုံကြည်ခြင်းတို့ အများဆုံး ရှိရာမြို့များ" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဣသရေလအမျိုးတွင် အမိတယောက်

ဤသည်မှာ ထိုမြို့သည် ဣသရေလလူတို့အဖို့ မိခင်သဖွယ် အရေးပါသော တိုင်းပြည်၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြပြောဆိုနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူတို့သည် ဤမြို့အား မိခင်သဖွယ်လေးစားကြသည်။" သို့မဟုတ် "ဣသရေလလူတို့ လေးစားသော၊ အလွန် အရေးပါသော မြို့" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထာဝရဘုရား၏ အမွေ တော်ကို မျိုခြင်းငှါ အဘယ်ကြောင့် အလိုရှိတော်မူ သနည်း

ဤတွင် မိန်းမသည် ယွာဘတို့ မလုပ်သင့်သည့်အရာ ကို ထောက်ပြနေသော မေးခွန်း ဖြစ်သည်။ ဤမေးခွန်းကို တင်ပြချက် အနေဖြင့် ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤမြို့သည် ထာဝရဘုရား၏အမွေတော် ဖြစ်သဖြင့် သင်တို့ မဖျက်ဆီးသင့်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

မျိုခြင်း

ဤတွင် မိန်းမက စစ်သူရဲတို့ မြို့အား ဖြိုဖျက်စီးနေပုံကို အစာအား ဝါးမြိုသည့်ပုံစံဖြင့် ပုံဆောင်ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖျက်ဆီးဖြိုဖျက်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထာဝရဘုရား၏ အမွေ တော်

ဤတွင် မြို့ကို ထာဝရဘုရား၏အမွေတော်အနေဖြင့် သတ်မှတ်ပြီး ထာဝရဘုရားနှင့် သတ်ဆိုင်သည်ကို အထူးပြုပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားနှင့် သတ်ဆိုင်သော မြို့တစ်မြို့" (ရှု၊ rc://*/ta/man/translate/figs-metonymy)