my_tn/2sa/20/11.md

2.7 KiB

ဒါဝိဒ်ဘက်၌နေသောသူ

ဤသည်မှာ ဒါဝိဒ်နှင့် သူ့လူတို့အား ထောက်ခံသောသူကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်အား ထောက်ခံသူ" သို့မဟုတ် "ဒါဝိဒ်အား သစ္စာရှိသူ" (ရှု၊ rc://*/ta/man/translate/figs-idiom)

အာမသသည် လမ်းမအလယ်တွင် မိမိအသွေး ၌ လူးလျက်ရှိ၏

"အာမသသည် သူ့၏သွေးအိုင်ထဲတွင် လူးနေသည်။" အာမသသည် ထိုအချိန်၌ အသက်ရှင်သေးသော်လည်း သိပ်မကြာခင်တွင် သေဆုံးသွားသည်။ ဤသည်ကို သွေးအိုင်ထဲတွင် လူးနေသည့်ပုံစံဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာမသသည် သွေးအိုင်ထဲတွင် သေနေသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

သွားလာသောသူအပေါင်းတို့ သည် ... လူမြင်သောအခါ

ဤသည်မှာ သူတို့သည် လမ်းလျှောက်နေရာမှ ရပ်ပြီး အာမသ၏အသက်မရှိသောခန္တာအား ကြည့်နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "... လူအပေါင်းတို့သည် လူသေကောင်ကို ကြည့်နေသည် ... လမ်းသွားလမ်းလာတို့သည် ရပ်၍ အသေကောင်၏ ခန္ဓာကို ကြည့်နေကြသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

အာမသကို ... ယူ၍

ယွာဘသည် အာမသအား ချီ၍ သယ်သွားသည်။

အာမသကို လမ်းမကယူ၍

အခြား သောဘာသာပြန်ဆိုချက်၊ "သူသည် အာမသအား လမ်းပေါ်မှ ရွှေ့ပြီးနောက်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

လိုက်သွားကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "လိုက်ဖမ်းသည်။" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)