my_tn/2sa/19/21.md

5.0 KiB

အဘိရှဲ

ဤသည်မှာ အမျိုးသားတစ်ဦး၏အမည် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဇေရုယာ

ဤသည်မှာ အမျိုးသားတစ်ဦး၏အမည် ဖြစ်သည်။ (ရှု ၊ rc://*/ta/man/translate/translate-names)

ရှိမိသည် ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေသတ်ခြင်းကို ခံရမည် မဟုတ်လော

အဘိရှဲက ဒါဝိဒ်အား ကျမ်းဆဲသော ရှိမိကို ဒေါသထွက်စွာ ဖြင့် သတ်ခြင်းအလိုငှါ အကြံ ပေးသည်။ ဤမေးခွန်းကို တင်ပြချက် အနေဖြင့် ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးထားသော ဘုရင်ကို ကျိန်ဆဲသောကြောင့် သေဒဏ် ပေးသင့်သည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောအရှင်

ဤသည်မှာ ဒါဝိဒ်ကို ရည်ညွှန်းသည်။ ဤသည်မှာ သူသည် ထာဝရဘုရား ဘိသိက် ပေးထားသော ဘုရင်ဖြစ်သည် ဟု ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား ဘိသိက်ပေးထားသော ဘုရင်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်တို့သည် ယနေ့ ငါ့ရန်သူလုပ်မည်အကြောင်း ငါနှင့်အဘယ်သို့ ဆိုင်ကြသနည်း

ဒါဝိဒ်က အဘိရှဲအား အပြစ်တင်ပြောဆိုလိုသောကြောင့် မေးသောမေးခွန်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇေရုယာသားတို့၊ သင်တို့နဲ့ ငါတို့ တူသည် မဟုတ်။ ငါတို့၏ ရန်ဖက်ဖြစ်ရန် အကြောင်းလည်း မရှိ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော။ ငါသည် ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လော

ဒါဝိဒ်သည် အဘိရှဲအား သိသော်လည်း အပြစ်တင်သော မေးခွန်းမျိုး ဖြစ်သည်။ ဤမေးခွန်းကို တင်ပြချက်အနေဖြင့် ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယနေ့ ငါသည် ဣသရေလလူတို့အား ဘုရင်ဖြစ်ရသောကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ သတ်ခြင်း မခံရ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဣသရေလအမျိုးသားတစုံတယောက် သည် ယနေ့အသေသတ်ခြင်းကို ခံရမည်လော

"အသေသတ်ခြင်းကို ခံရမည်" ဆိုသည်မှာ သတ်မိန့်အပေးခံရသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ဦးသည် သတ်ခြင်းခံရမည်လော" သို့မဟုတ် "တစ်စုံတစ်ဦးအား သေစေခြင်းငှါ ငါအမိန့်ပေးသလော။" (ရှု၊ rc://*/ta/man/translate/figs-idiom)

ယနေ့ဣသရေလရှင်ဘုရင်ဖြစ်သည်ကို ငါသိသည် မဟုတ်လော

ဖြစ်နိုင်ချေအဓိပ္ပါယ်မှာ (၁) "ဣသရေလဘုရင်သည် ငါဖြစ်နေသေးသည်ကို ငါသိသည်" သို့မဟုတ် (၂) "ယနေ့ ငါသည် ဣသရေလလူတို့ကို အုပ်စိုးရသော ဘုရင်ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)