my_tn/2sa/15/21.md

3.1 KiB

ထာဝရဘုရားအသက်၊ အရှင် မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း

ဤသည်မှာ ပြောသူသည် ကတိသစ္စာပြုခြင်း ဖြစ်သည်။ သူ့ကတိတည်မည် ကို ထာဝရဘုရားနှင့် ဘုရင်တို့ အသက်ရှင်သည်အတိုင်း ဖြစ်မည်အကြောင်း နှင့် နှိုင်းယှဉ် ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားအသက်၊ အရှင်မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း အကျွန်ုပ်သည် တိုင်တည် ကတိပြုပါသည်။" (ရှု၊ rc://*/ta/man/translate/figs-simile)

ကိုယ်တော်ကျွန်

"အိတ္တဲ" က မိမိကိုယ်ကို ဤကဲ့သို့ ခေါ်ခြင်းဖြင့် ဘုရင်အား အရိုအသေ ပေးသည်။

အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ

အသက်ခံရမည်ဆိုပါလျှင်လည်း သင့်နှင့် အတူရှိမည်။

ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏

ဣသရေလ ပြည်သူပြည်သားတို့သည် သူ့တို့၏ ဘုရင် ထွက်ခွာတော့မည် ကို မြင်သောကြောင့် ကျယ်လောင်စွာ ငိုကြွေးကြသည်။ ဤသည်ကို တစ်တိုင်းပြည်လုံး ငိုကြွေးသည့် ပုံစံဖြင့် တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအပေါင်းတို့သည် လမ်းတစ်လျှောက်လုံး ငိုကြွေးကြသည်။" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ပြင်းစွာငိုကြွေးကြ၏

ဤသည်မှာ လူအများတို့ ငိုကြွေးကြပုံကို သူတို့ တစ်သံထဲ အော်နေသကဲ့သို့ ပုံစံဖြင့် ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျယ်လောင်စွာဖြင့်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကေဒြုန်ချောင်း

ဤသည်မှာ ယေရုရှလင်မြို့နားတွင် ရှိသောအရပ်ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/translate-names)