my_tn/2sa/15/13.md

3.0 KiB

ဣသရေလအမျိုးသားတို့၏ စိတ်နှလုံးသည်အဗရှလုံဘက်သို့ ပါသွားပါပြီ

ဤတွင် လူတို့၏သစ္စာရှိမှုကို "စိတ်နှလုံး" ဖြင့် ရေးသားထားပြီး အဗရှလုံနောက် ပါသွားသည် ကို အထူးပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူတို့သည် ... ၌ သစ္စာခံကြသည်။" သို့မဟုတ် "ဣသရေလလူတို့သည် ... ၏ နောက်သို့ လိုက်ကြသည်။" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ထ၍ပြေးကြကုန်အံ့၊ ... အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့

ဤတွင် ဒါဝိဒ်က အဗရှလုံ၏လူတို့သည် အဗရှလုံ၏ အမိန့်ကို နာခံနေသောကြောင့် တပေါင်းတစည်း "အဗရှလုံ" ဟု ခေါ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဗရှလုံနှင့် သူ့လူတို့ထံမှ ထွက်ပြေးပြီး ... သူနှင့်သူ့လူတို့သည် လျင်မြန်စွာဖြင့် ... ပြီးနောက်သူတို့သည် ... ယူဆောင်လာမည်။" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

မြို့ကိုလည်း ထားနှင့် လုပ်ကြံလိမ့်မည်

ဤတွင် "မြို့" သည် မြို့ထဲရှိ လူတို့ကို ဆိုလိုသည်။ အင်္ဂလိပ်ကျမ်းစာတွင် "ထား" ကို "ထား သွား" ဟူ၍ သုံးထားပြီး ဣသရေလလူတို့၏ ဓားကို ရည်ညွှန်းပြီး သူ့တို့သည် တိုက်ပွဲ၌ လူသတ်ကြသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်တို့၏ မြို့ရှိလူတို့ကို တိုက်ခိုက်ပြီး သူ့တို့ ဓားဖြင့် အကျွန်ုပ်တို့ကို သတ်ကြလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဘေးပြု၍

ဤသည်မှာ ဘေးဒုက္ခနှင့် ကြုံစေသည်ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)