my_tn/2sa/12/21.md

3.6 KiB

ယေဘုယျအချက်အလက်

ဤကျမ်းချက်များတွင် ဒါဝိဒ်အား ထာဝရဘုရားက သူ့၌ ဖြစ်စေသောအရာများကို အထူးပြုလိုသောကြောင့် မေးသော မေးခွန်း ပါဝင်သည်။

ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက်။

ဒါဝိဒ် သည် ထာဝရဘုရားက သူ့သားအား အသက်ချမ်းသာစေခြင်း အလို့ငှါ မည်သူမှ မသိနိုင်ကြောင်းကို အထူးပြုလိုသောကြောင့် မေးသော မေးခွန်း ဖြစ်သည်။ ဤသည်ကို တင်ပြချက်အနေဖြင့် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ငါအား သနား၍ ငါ့ကလေး၏အသက်အား ချမ်းသာပေးမည် မပေးမည်ကို မည်သူမှ မသိနိုင်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။

ဒါဝိဒ်သည် သူ့သားအဖို့ အစာရှောင်ရန် အကြောင်း မရှိတော့သည် ကို အထူးပြုလိုသောကြောင့် မေးသောမေးခွန်း ဖြစ်သည်။ ဤသည်ကို တင်ပြချက် အနေဖြင့် ရေးသားနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခု သူသည် သေပြီ ဖြစ်သဖြင့် အစာရှောင်ရန် မလိုအပ်တော့ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော

ဒါဝိဒ်သည် သူ့သားအား သေရာမှ ပြန်၍ မခေါ်ဆောင်နိုင်သည်ကို အထူးပြုလိုသောကြောင့် မေးသော စကား ဖြစ်သည်။ ဤသည်ကို တင်ပြချက် အနေဖြင့် ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူ့အား သေရာမှ ပြန်မခေါ်နိုင်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သူရှိရာသို့ ငါသွားရမည်

ဒါဝိဒ် ဆိုလိုချင်သောအရာမှာ - သူသည် သေသောအခါ သူ့သား ရှိရာ သူသွားမည် ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသေသောအခါ ငါ့သား ရှိရာသို့ ငါသွားမည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)