my_tn/2sa/12/11.md

3.3 KiB

သင်၏အဆွေအမျိုးတို့အထဲက

ဤတွင် အင်္ဂလိပ်ကျမ်းစာ၌ အိမ်ဟု သုံးထားပြီး "သင်၏မိသားစုထဲမှ" ဟု ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်၏ မိသားစုထဲမှ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင့်မျက်မှောက်တွင်

ဤတွင် ဒါဝိဒ်မြင်နိုင်သည့် အခြေအနေကို ရည်ရွယ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်ကြည့်နေစဉ်တွင်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

နေရှေ့မှာ

"အလင်းပြည့်နေသော နေ့အချိန်"။ ဤသည်မှာ နေ့အလင်းရောင်အောက်၌ ဖြစ်ပျက်နေသမျှ အရာတို့ကို လူတို့ ရှင်းရှင်းလင်းလင်း သိမြင်ရသည်ကို ဖော်ပြလိုသောစကားမျိုး ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပွင့်လင်းမြင်သာစွာ" သို့မဟုတ် "လူအများက ဖြစ်ပျက်နေသမျှကို မြင်နေရသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဤအမှုကို ... ပြုသော်လည်း

အပြစ်ပြုမိသည်။

တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ

ထာဝရဘုရားက ဒါဝိဒ်၏ အပြစ်ကို ခွင့်လွှတ်ပြီး ဖြစ်သည်။ ဤအရာကို ထာဝရဘုရားက လမ်း၌ ဖြတ်သွား၍ မသိကျိုးနွံ ပြုသည့် ပုံစံမျိုးဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခွင့်လွှတ်ခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အသက် တော်ကို ချမ်းသာစေခြင်းငှါ

ဤသည်မှာ အပြုသဘောဖြင့် တင်ပြနိုင်သည်။ အချို့သောအချိန်တွင် ယောက်ျားတို့သည် သူတို့အပြစ်အတွက်ကြောင့် သေရသော်လည်း မိန်းမနှင့် ဆိုင်သော အပြစ်အတွက် မသေရပါ။ ဤအရာကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် မသေရပါ" သို့မဟုတ် "ဤအပြစ်အတွက် သင်သည် မသေရပါ။" (ရှု၊ [[rc:///ta/man/translate/figs-activepassive]] and [[rc:///ta/man/translate/figs-explicit]])