my_tn/2sa/12/09.md

4.3 KiB

သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း

ဤသည်မှာ ဒါဝိဒ်အား ပြစ်တင်ပြောဆိုသော မေးခွန်းဖြစ်သည်။ ဤစာကြောင်းကို တင်ပြချက် အနေဖြင့် ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ထာဝရဘုရား၏ ပညတ်တရားတော် ကိုမထီမဲ့မြင် မပြုသင့်သလို ရှေ့တော်၌ မကောင်းသည် ဟု သတ်မှတ်ထားသည် ကို မပြုသင့်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း

"ထာဝရဘုရား၏ ရှေ့တော်" သည် "သူ၏အတွေး" ကို ရည်ညွှန်းသည်။ ဤတွင် ထာဝရဘုရားမှ မကောင်းခြင်းအဖြစ် သတ်မှတ်ထားသည် ကို ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူပြုခဲ့သောအမှုမှာ ဆိုးယုတ်သောအမှု ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍

ဒါဝိဒ်သည် ဥရိယအား ကိုယ်တိုင် လက်ဖြင့် မသတ်သော်လည်း အမ္မုန်အမျိုးသားတို့၏ လက်၌ သေအောင် စီမံသည်။ ဤတွင် "ထားနှင့်" သည် တိုက်ပွဲ၌ ဥရိယ မည်ကဲ့သို့ သေသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ဟိတ္တိလူ ဥရိယအား ရန်သူတို့ လက် ၌ သေအောင် စီမံသည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား

ဒါဝိဒ်သည် ဥရိယအား ကိုယ်တိုင် လက်ဖြင့် မသတ်သော်လည်း အမ္မုန်အမျိုးသားတို့၏ လက်၌ သေအောင် စီမံသည်။ ဤတွင် "ထားနှင့်" သည် တိုက်ပွဲ၌ ဥရိယ မည်ကဲ့သို့ သေသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် သူ့အား ရန်သူ အမ္မုန်လူမျိုးတို့၏ လက်၌ သေစေရန် စီမံသည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်

ဤတွင် "ထား" သည် "လူတို့ တိုက်ပွဲ၌ သေဆုံးသည်" ကို ရည်ညွှန်းသည်။ "သင့်အဆွေအမျိုး" သည်လည်း ဒါဝိဒ်၏ မိသားစု ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အချို့သော သင့်၏ နောင်လာနောက်သားတို့သည် တိုက်ပွဲ၌ အစဉ် သေရလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)