my_tn/2sa/11/21.md

3.3 KiB

ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း

ယွာဘသည် ဒါဝိဒ်ကသူ့အား အပြစ်တင်ခြင်းငှါ မေးသော မေးခွန်းမျိုး ဖြစ်သည်။ ဤသည်ကို တင်ပြချက် အနေဖြင့် ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုဗ္ဗေရှက်သား အဘိမလက် အဘယ်သို့ သေသည်ကို သင် မမှတ်မိသလော။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ယေရုဗ္ဗေရှက်သား အဘိမလက်

ဤသည်မှာ အမျိုးသား တစ်ဦး၏ အမည်ဖြစ်သည်။ သူ့၏ အဖေ သည် ဂိဒေါင် ဟူ၍လည်း သိကြသည်။ (ရှု၊ rc://*/ta/man/translate/translate-names)

သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော

ယွာဘသည် ဒါဝိဒ်ကသူ့အား အပြစ်တင်ခြင်းငှါ မေးသော မေးခွန်းမျိုး ဖြစ်သည်။ ဤသည်ကို တင်ပြချက် အနေဖြင့် ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သေဗက်မြို့၌ အဘိလက်သည် ကြိတ်ဆုံကျောက်အား မြို့ရိုးပေါ်မှ အမျိုးသမီး တစ်ဦးက သူအပေါ် ပစ်ချသောကြောင့် သေခဲ့သည် မဟုတ်လော။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကြိတ်ဆုံကျောက်

မုန့်လုပ်ရန်အတွက် ဆန်အနှစ်ရရန် ဆန်ကြိတ်သော လိမ့်နိုင်သော ကျောက်၊

မြို့ရိုးပေါ်က

"မြို့ရိုးပေါ်ကနေ"

သေဗက်

ဤသည်မှာ မြို့တစ်မြို့၏ အမည် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်း

ယွာဘသည် ဒါဝိဒ်ကသူ့အား အပြစ်တင်ခြင်းငှါ မေးသော မေးခွန်းမျိုး ဖြစ်သည်။ ဤသည်ကို တင်ပြချက် အနေဖြင့် ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် မြို့ရိုးအနီးသို့ ကပ်မသွားသင့်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)