my_tn/2sa/09/07.md

3.0 KiB

သင်၏အဘ ယောနသန်အတွက်

"သင့်ဖခင်ကို ကျွန်ုပ် ချစ်ခဲ့သောကြောင့်"

သင်သည် နေ့တိုင်းအစဉ်ငါ့စားပွဲ၌ စားရမည်

ဤတွင် "ငါ့စားပွဲ" သည် ဒါဝိဒ်နှင့် အတူရှိနေရခြင်းအခွင့် ကို ကိုယ်စားပြုသည်။ ဘုရင်နှင့် စားပွဲဝင်ခွင့်ခြင်းမှာ အမြင့်ဆုံးသော ချီးမြောက်ခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါနှင့် အတူ စားပွဲ ဝင်ရမည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်း

ဤမေးခွန်းမှာ မေဖိဗောရှက်က မိမိသည် ဘုရင်က ဂရုပြုရလောက်သည်အထိ တန်ဖိုးမရှိသည်ကို သိ၍ မေးသောမေးခွန်းမျိုး ဖြစ်သည်။ ဤသည်မှာ တင်ပြချက်အဖြစ် ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သည် ခွေးအသေကောင် ကဲ့သို့ ဖြစ်သည်။ သင်၏သနားကြင်နာမှု သည် အကျွန်ုပ်အဖို့ မထိုက်တန်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

... ကဲ့သို့ဖြစ်ရသော ခွေးသေကောင်

ဤတွင် မေဖိဗောရှက် သည် ရှောလု၏အမျိုး ဖြစ်သောကြောင့် သူ့ကိုယ်သူ ခွေးသေကောင်နှင့် ယှဉ်၍ ဖော်ပြနေခြင်း ဖြစ်သည်။ ခွေးသည် အရိုင်းကောင်အဖြစ် သတ်မှတ်ထားပြီး အရေးမကြီးသောတိရစ္ဆာန်အဖြစ် သတ်မှတ်ထားသည်။ ခွေးသေကောင်ကို ပို၍ တန်ဖိုးမရှိဟု သတ်မှတ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခွေးသေကောင်ကဲ့သို့ တန်ဖိုးမရှိသော အကျွန်ုပ်" (ရှု၊ rc://*/ta/man/translate/figs-metaphor)