my_tn/2sa/07/18.md

4.2 KiB

အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။

ဒါဝိဒ်သည် ထာဝရဘုရား၏ ပြောကြားချက် ကို ခံစားနားလည်ပြီး ပြန်လည်မေးထားသော မေးခွန်းဖြစ်သည်။ ဤမေးခွန်းကို တင်ပြချက် တစ်ခုအနေဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၊ ကျွန်ုပ်နှင့် အကျွန်ုပ်မိသားစုသည် ဤမျှလောက်ဂုဏ်အာဏာနှင့် မထိုက်တန်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်

ဤတွင် "ထင်မှတ်တော်မူသောကြောင့်" ကို အင်္ဂလိပ်ကျမ်းစာ၌ "သင့်အမြင်တွင်" ဟူ၍ သုံးနှုန်းထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤသည်မှာ သင့်အဖို့ သေးငယ်သောအမှု ကဲ့သို့ ဖြစ်နေလိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

အကျွန်ုပ်အမျိုး

ဤတွင် ဒါဝိဒ်သည် မိမိကိုယ်ကို အစေခံ ဟူ၍ ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ပြုသူ အနေဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်၏မိသားစု" (ရှု၊ rc://*/ta/man/translate/figs-123person)

ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်

ဤသည်မှာ အချိန်ကာလ ကို ကူးလူးသွားနေပြီး တစ်နေရာရာ တွင် ရောက်ရှိနေသော အရာဝတ္ထု ကဲ့သို့ ပြောနေခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြီးနောက် သူတို့၌ နောင်အနာဂတ်တွင် မည်သို့ဖြစ်မည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း

ဒါဝိဒ်သည် သူ့ထံ၌ ထာဝရဘုရားအား ပြောစရာ မကျန်တော့သဖြင့် ဤကဲ့သို့မေးရခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ထံ၌ သင်အား ပြောရန် တစ်စုံတစ်ခုမျှ မရှိတော့ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကိုယ်တော်၏ ကျွန်

ဤတွင် ဒါဝိဒ်သည် မိမိကိုယ်ကို "အစေခံ" အဖြစ် ရည်ညွှန်းဖော်ပြသည်။ ဤသည်ကို ပြုသူအနေဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်" (ရှု၊ rc://*/ta/man/translate/figs-123person)