my_tn/2sa/07/08.md

3.5 KiB

ယေဘုယျအချက်အလက်

ထာဝရဘုရားက ပရောဖက်နေသန် အားဖြင့် ဒါဝိဒ်မင်းအား ကတိတော်တို့ကို ဖော်ပြသည်။

ယခုမှာ

ဤစကားစုမှာ "ထိုအချိန်ကာလ" ကို မီးမောင်းထိုးပြခြင်း မဟုတ်ဘဲ နောက်ဆက်လာမည့် အရေးကြီးသော အရာများကို သတိပြုမည့်စေလိုသောကြောင့် သုံးထားခြင်း ဖြစ်သည်။

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ... လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ

ဤသည်မှာ ကိုးကားချက်ထဲမှ ကိုးကားချက် ဖြစ်သည်။ ဤ တိုက်ရိုက် ကိုးကားချက် ကို သွယ်ဝိုက်ကိုးကားချက် အနေဖြင့် ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကျွန်ဒါဝိဒ်အား ပြောလော့။ ငါသည် သင့်အားရွေးနုတ်ခဲ့သည် ... သင့်အား ကမ္ဘာပေါ်ရှိ ကြီးမြတ်သူတို့ထဲ တစ်ဦးဖြစ်စေမည်။" (ရှု၊ [[rc:///ta/man/translate/figs-quotesinquotes]] and [[rc:///ta/man/translate/figs-quotations]])

သင်သွားလေရာရာ၌ ငါလိုက်၍

ဤသည်မှာ ထာဝရာဘုရားသည် ဒါဝိဒ်နှင့်အတူ အစဉ်ရှိနေပြီး ကောင်းကြီး အစဉ်အမြဲ ပေးနေသည်ဟု ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှား

ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို အဝတ်အား ဆွဲဆုတ်သကဲ့သို့ ဟူ၍ လည်းကောင်း၊ အပင်မှ အကိုင်းအခတ်အား ဖြတ်တောက်သကဲ့သို့ ဟူ၍ လည်းကောင်း ပယ်ရှားခဲ့သည် ဟူ၍ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ

အင်္ဂလိပ်ကျမ်းစာတွင် "အမည်" ဟူသော စကားလုံးကို သုံးထားပြီး သူ့အား ကြီးမြတ်စေမည် ကို ဆိုလိုသည်။

လူကြီး၏ဂုဏ်အသရေ

ဤသည်မှာ အထင်ကရပုဂ္ဂိုလ်၏ ဂုဏ်အသရေကို ဆိုလိုသည်။