my_tn/2sa/03/08.md

4.0 KiB

သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍

ဤမေးခွန်းသည် အာဗနာက သူ့အား မတရား စွပ်စွဲသော ဣရှဗောရှက် ကို ဒေါသတကြီး ငြင်းဆန်ပြောဆိုသော မေးခွန်း ဖြစ်သည်။ ဤသည် အတိအလင်း ပြောကြားချက် ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဒါဝိဒ်၏ အစေကို ခံသော သစ္စာဖောက် မဟုတ်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍

အာဗနာသည် မိမိကိုယ်ကိုအား ခွေး၏ဦးခေါင်း ကဲ့သို့ ခိုင်းနှိုင်းပြောဆိုပြီး ခွေး တစ်ကောင် ကဲ့သို့ အစာ ကျွေးသောသူ၏ အစေကိုသာ ခံမည်လော ဟု မေးထားခြင်း ဖြစ်သည်။ ဤတွင် "မှတ်၍" ဟူသော စကားစုမှာ အာဗနာ၏ သစ္စာသည် လက်ရှိ ရှောလုနှင့် သူ့လူတို့ မကြီးစိုးသည့် ဒါဝိဒ်၌သာ အာဏာရှိသော ယုဒပြည် ၌သာ ရှိသည် ကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ယုဒပြည်အတွက် သစ္စာဖောက် သလော။" သို့မဟုတ် "ငါသည် ဒါဝိဒ်၏အစေကို ခံ၍ သစ္စာဖောက်သလော။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-metonymy]])

ဒါဝိဒ်လက်သို့

ဤသည်တွင် "လက်" သည် အနိုင်တိုက်နိုင်သော ခွန်အား ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်၏ လက်၌ ရှုံးနိမ့်သည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့ သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည် လော

ဤသည်မှာ အာဗနာသည် ဣရှဗောရှက် အား ခြိန်းခြောက်ပြောဆိုသော မေးခွန်း ဖြစ်သည်။ ဤသည်တွင် အဗနာသည် ရိဇပနှင့် အိပ်ခြင်း နှင့် မတရားစွပ်စွဲခံရခြင်း ကြားတွင် မသေချာမရေရာသော အခြေအနေ ဖြစ်သည်။ ဖြစ်နိုင်ခြေများမှာ - (၁) အာဗနာတွင် အပြစ်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ထိုသူနှင့် အတူအိပ်ခဲ့သော်လည်း ငါ့အား အပြစ် မတင်သင့်ပါ။" သို့မဟုတ် (၂) အာဗနာတွင် အပြစ်မရှိပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ထိုသူနှင့် အိပ်ခဲ့သည် ဟု ယုံမှားခြင်း မရှိသင့်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)