my_tn/2sa/01/21.md

3.6 KiB

အိုဂိလဗောတောင်တို့

ဒါဝိဒ်သည် ထိုတောင်ကို တိုက်ရိုက်ပြောနေပုံမှာ သူ့သီချင်းအား ထိုတောင်တွင် ရှိသော သူတို့ နားထောင်နေသကဲ့သို့ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-apostrophe)

သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုဃ်းမရွာစေနှင့်

ဒါဝိဒ်သည် ရှောလုမင်း တိုက်ပွဲကျသည့် ထိုအရပ်ကို ကျိန်လိုက်သည်။ ဤသည်မှာ ရှောလု အား လူတစ်ယောက် အနေဖြင့် မဟုတ်ဘဲ ဘုရား ရွေးချယ်ခန့်အပ်ထားခြင်း ခံရသူ အနေဖြင့် ဖြစ်သည်။

သူရဲဆောင်သော ဒိုင်းတည်း ... ကို ရှုတ်ချလေပြီတကား

ဤတွင် "သူရဲ" သည် ရှောလုမင်း အား ရည်ညွှန်းသည်။ ဒိုင်းသည် ရှတ်ချခြင်းခံရသည်မှာ မြေပေါ်သို့ ကျရုံသာမက ဘုရင်၏ သွေးစွန်းနေသောကြောင့် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှောလု ဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား

ရှောလု၏ ဒိုင်းသည် သားရေဖြင့် ပြုလုပ်သည်။ ထိုဒိုင်းကို ထိန်းသိမ်းရန်အတွက် ဆီဖြင့် သုတ်လိမ်းရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မည်သူမျှ ရှောလု၏ ဒိုင်းအား ထိန်းသိမ်းမှု မလုပ်ကြတော့ပါ"

သူရဲတို့၏အသွေး၊ ခွန်အားကြီးသော သူတို့၏ ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။

ဤတွင် ရှောလုမင်းနှင့် ယောနသန်သည် အလွန် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သူရဲများ အနေဖြင့် ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ရှောလု ၏ထားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။

ရှောလုမင်း၏ထားတော် ကို သခင်ထံပြန်တတ်သော သက်ရှိ သဖွယ် အနေဖြင့် ဖော်ပြထားသည်။ ထိုထားသည် ဗလာ သက်သက် ပြန်မလာတတ်ဘဲ ရန်သူတို့၏ သွေးစွန်းပြီးမှသာ ပြန်လာတတ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-litotes]])