my_tn/2sa/01/17.md

4.7 KiB

ယေဘုယျ အချက်အလက်

ဒါဝိဒ်သည် ရှောလုမင်းနှင့် ယောနသန်တို့သေဆုံးခြင်းကြောင့် ဝမ်းနည်းပူဆွေးသော သီချင်းကို ဆိုသည်။

သင်စေသော လေး သီချင်းတည်း

ဤသည်မှာ သီချင်း၏ အမည် ဖြစ်သည်။

ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား

ဤသည်မှာ သီချင်း၏နောက်ခံသမိုင်းကြောင်းကို ဖြည့်စွက်ဖော်ပြထားပြီး စာဖတ်သူအား နောင်တွင် ဤသီချင်းသည် မည်ကဲ့သို့ ဆက်ဖြစ်မည်ကို ဖော်ပြထားသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

ယာရှာစာ

"ယာရှာ" ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ "ဖြောင့်မတ်မှန်ကန်ခြင်း" ဟူ၍ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်မှန်ကန်သောစာ" (ရှု၊ rc://*/ta/man/translate/translate-names)

အိုဣသရေလဂုဏ်အသရေ၊ ... သင်သည် အသေခံလေပြီ

"အို ... ဂုဏ်အသရေ" သည် ရှောလုမင်း အား ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူရဲတို့

ဤစကားစုသည် "ရှောလုမင်း" နှင့် "ယောနသန်" တို့ နှစ်ဦးစလုံးကို ရည်ညွှန်းသည်။ ဒုတိယဝါကျကို ပြန်ဆိုရန် မလိုအပ်ပါ။ (ရှု၊ [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-nominaladj]])

လဲသေကြပြီတကား

ဤတွင် "လဲ" ဟူသော စကားလုံးသည် "သေခြင်း" ကို ဖော်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-euphemism)

ထိုသတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။

ဤစာကြောင်း နှစ်ခုစလုံးသည် တစ်ခုတည်းကိုသာ ပြောခြင်း ဖြစ်ပြီး သီချင်းရှိ ကဗျာ သဖွယ် အစိတ်အပိုင်း အဖြစ် ထပ်မံဖော်ပြခြင်း သာ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ဂါသမြို့ ... အာရှကေလုန်မြို့

ထိုမြို့ နှစ်ခု စလုံးသည် ဖိလိတ္တိပြည်၏ အဓိက မြို့ နှစ်မြို့ ဖြစ်သည်။ ဖိလိတ္တိပြည်သားတို့သည် ရှောလုမင်းနှင် ယောနသန် တို့အား သတ်ခဲ့ကြသည်။

ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။

ဤစာကြောင်း နှစ်ခုစလုံးသည် တစ်ခုတည်းကိုသာ ပြောခြင်း ဖြစ်ပြီး သီချင်းရှိ ကဗျာ သဖွယ် အစိတ်အပိုင်း အဖြစ် ထပ်မံဖော်ပြခြင်း သာ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့

ဤစကားစုသည် ယာဝေ ထာဝရဘုရားအား မကိုးကွယ်သောသူ (ဥပမာ - ဖိလိတ္တိပြည်သား) တို့ကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)