my_tn/2pe/03/11.md

3.8 KiB

ဆက်စပ်မှုဖေါ်ပြချက်

ပေတရုက ယုံကြည်သူများသည် ဘုရားပြန်လာမည့်နေ့တိုင်အောင် မည်သို့ အသက်ရှင်နေထိုင်ရမည့် အကြောင်းကို ပြောပြသည်။

သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့်၊

အခြားသောဘာသာပြန်ဆိုချက်၊ "ဤနည်းဖြင့် ဘုရားသခင်သည် အရာအားလုံးကို ဖျက်ဆီးလိမ့်မည်ဖြစ်သောကြောင့်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း

ပေတရုက နောက်ထပ်ပြောမည့်အရာအတွက်သွယ်ဝိုက်သောမေးခွန်းကိုအသုံးပြုထားသည်။ နောက်ထပ်ပြောမည့်အရာမှာ "ဖြောင့်မတ်၍ ဘုရားဝတ်၌ မွေ့လျော်သောအသက်တာဖြင့်နေသင့်ကြောင်း" ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် မည်သို့သော သူများဖြစ်သင့်သည်ကို သိကြ၏" (ရှု၊ rc://*/ta/man/translate/figs-rquestion)

မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက် လိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် မိုဃ်းကောင်းကင်ကို မီးနှင့် ဖျက်ဆီး၍ ပြုလုပ်သမျှသောအရာတို့ကို အရည်ကျိုဖျက်ဆီးလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ပြုလုပ် သမျှသောအရာတို့

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) စကြဝဠာ အတွင်းရှိ နေ၊ လ နှင့် ကြယ်များမှစ၍ ရှိရှိသမျှသောအရာများ သို့မဟုတ် (၂) ကောင်းကင်နှင့် မြေကြီးကို ဖွဲ့စည်းထားသော မီး၊ လေ၊ ရေနှင့် မြေ စသည့်ဓာတ်ကြီးလေးမျိုး။ 3:10 ကိုရှု

ဖြောင့်မတ်ခြင်းတရားတည်နေရာ

ပေတရုက "ဖြောင့်မတ်ခြင်းတရား" ကိုလူပုဂ္ဂိုလ်တစ်ဉီးကဲ့သို့ပြောထားသည်။ ဤသည်မှာ ဖြောင့်မတ်သောသူ များနှင့်သက်ဆိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဖြောင့်မတ်ခြင်းတရားတည်နေရာ " သို့မဟုတ် "လူတွေဖြောင့်မတ်စွာနေမည့်နေရာ" (ရှု၊ [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-metonymy]])