my_tn/2pe/02/17.md

6.5 KiB

ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့

ရေစီးသော စမ်းချောင်းသည် ရေဆာသောသူများအတွက်ပြန်လည်လန်းဆန်းမှု ဖြစ်စေသော်လည်း ရေမစီးသောစမ်းရေသည် ရေဆာသူများကို စိတ်ပျက်စေသည်။ ထို့အတူ မှားယွင်းသောသွန်သင်သူများသည် ပေးထားသော ကတိများကို လုပ်ဆောင်ရန် မတတ်နိုင်ပါ။ (ရှု၊ rc://*/ta/man/translate/figs-simile)

လေတိုက်၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့

လူသည် မိုးတိမ်ကိုတွေ့လျှင် မိုးရွာမည်ဟု မျှော်လင့်ကြသည်။ သို့သော် မိုးမရွာခင် ထိုတိမ်တိုက်သည် လေတိုက်၍ လွင့်သွားသောအခါ လူတွေက စိတ်ပျက်သွားကြသည်။ ထို့အတူ မှားယွင်းသော သွန်သင်သူများသည် ပေးထားသောကတိများကို လုပ်ဆောင်ရန် မတတ်နိုင်ပါ။ (ရှု၊ rc://*/ta/man/translate/figs-simile)

သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏။

"သူတို့" ဟူသည်မှာ မှားယွင်းစွာ သွန်သင်သူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က သူတို့ အဘို့ နက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ၏" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ထောင်လွှားသော အချည်းနှီးကား ပြောသည်

သူတို့သည် အဓိပ္ပါယ်မရှိသော စကားများဖြင့် လူတွေကို စွဲမက်စေသည်။

ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏

မှားယွင်းသော သူတို့သည် ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်း အားဖြင့် လူတွေကို အပြစ်သို့ သွေးဆောင်တတ်ကြ၏ (ရှု၊ rc://*/ta/man/translate/figs-metaphor)

မှားယွင်းခြင်း၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏

ပေတရုက အပြစ်ကျေးကျွန်များအပြစ်တရားမှ လွတ်မြောက်ဖို့လိုကြောင်း ပြောပါသည်

မှားယွင်းခြင်း၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့

ဤစကားစုသည် မကြာသေးသောအချိန်မှ စတင်ယုံကြည်လာသောသူများကို ဆိုလိုသည်။ ''မှားယွင်းခြင်း၌ ကျင်လည်သော သူတို့ '' ဟူသည် အပြစ်တရား၌ ရှိသေးသော မယုံကြည်သူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အပြစ်တရားမှလွန်မြောက်၍ မှန်ကန်စွာနေထိုင်လိုသောသူများ" (ရှု၊ rc://*/ta/man/translate/figs-explicit)

လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏

မှားယွင်းသော သွန်သင်သူများက လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ ကျွန်ဖြစ်ကြသည်။ မှားယွင်းသော သွန်သင်သူများသည် မိမိတို့က အခြားသူများအားအပြစ်မလုပ်ရန် ကူညီပေးနိုင်သည် ဟု ပြောသော်လည်း မိမိတို့ကိုယ်တိုင်ပင် အပြစ်လုပ်နေကြသူများဖြစ်ကြသည်။

လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။

ပေတရုက လူပဂ္ဂိုလ်တစ်ဦးသည် သူ့ကိုထိန်းချုပ်သောအရာတစ်ခုခု၏ကျွန်ဖြစ်ပြီး ထိန်းချုပ်တဲ့အရာကသူ့သခင်ဖြစ်ကြောင်းပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ခုခု၏ ထိန်းချုပ်ခြင်းခံရသောကြောင့် ထိုအရာ၏ ကျွန်ဖြစ်သွားသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)