my_tn/2pe/01/19.md

6.6 KiB

ယေဘုယျအချက်အလက်

ပေတရုက မှားယွင်းသော သွန်သင်သူများအကြောင်း ယုံကြည်သူများကို စတင်အသိပေးသည်။

သာ၍မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။

ပေတရုနှင့် အခြားသောတမန်တော်များ တွေခဲ့သော အရာများသည်၊ အရှေ့ကျမ်းပိုဒ်များထဲတွင် သူဖော်ပြခဲ့ပြီး ဖရောဖက်များပြောခဲ့သောစကားများကို အတည်ဖြစ်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ တွေ့ခဲ့သောအရာများသည် ဤပရောဖက် စကားများကိုပိုမိုသေချာအောင် ပြုလုပ်ပေးသည်" (ရှု၊ [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/figs-activepassive]])

ငါတို့၌ ရှိသည်

''ငါတို့'' ဟူသည် ပေတရုနှင့် သူ၏ စာဖတ်သူများအပါအဝင် ယုံကြည်သူများအားလုံးကို ဆိုလိုသည်။

အနာဂတ္တိ စကားတော်

ဤသည်မှာ ဓမ္မဟောင်းကျမ်းကို ရည်ညွန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပရောဖက်များ ပြောခဲ့သောကျမ်းချက်များ" ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

စိတ်နှလုံးထဲ၌အာရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည်

ပေတရုက ပရောဖက်ပြောစကားများကို သေချာနားထောင်ရန် ယုံကြည်သူများကို ပြောသည်။

စိတ်နှလုံးထဲ၌ အာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ်၍၊

ပေတရုက အနာဂတ္တိကျမ်းများကို မီးအိမ်သဖွယ် ဖော်ပြထားသည်။ အာရုဏ်တက်၍ ကြယ်နီပေါ်ထွက်ခြင်းကို ခရစ်တော်ကြွလာတော်မူခြင်းနှင့် ကိုးကားထားသည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

စိတ်နှလုံးထဲ၌ အာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည်

ပေတရုက ခရစ်တော်ကို ''အာရုဏ်တက်ချိန် ထွက်လာသောကြယ်အဖြစ် ပြောထားသည်။" ခရစ်တော်သည် ယုံကြည်သူများထံ အလင်းသယ်ဆောင်လာပြီး မိမိမည်သူဖြစ်ကြောင်းကို ပြလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

အာရုဏ်တက်ချိန်ထွက်လာသောကြယ်

''အာရုဏ်တက်ချိန် ထွက်လာသောကြယ်'' သည် နေမထွက်ခင်ထွက်လာပြီး နေ့အချိန်နီးလာပြီဖြစ်ကြောင်း ညွန်ပြသော သောကြာဂြိုဟ်ကို ရည်ညွန်းသည်။

ရှေးဦးစွာသိမှတ်ခြင်း

''ထိုအရာကို အရေးအကြီးဆုံးအဖြစ် သိထားရမည်"

အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်

ဤကျမ်းပိုဒ်ကို အမျိုးမျိုးနားလည်နိုင်သည်။ (၁) ပရောဖက်များသည် သူတို့ကိုယ်တိုင် ပရောဖက်ပြုထားခြင်းမဟုတ်။ သို့မဟုတ် (၂) လူတို့က သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သာ အနာဂတ္တိကျမ်းများကို နားလည်နိုင်မည်။ သို့မဟုတ် (၃) လူတို့က အနာဂတ္တိကျမ်းကို အဓိပ္ပါယ်ပြန်ဆိုသည့်အခါ ခရစ်တော်ယုံကြည်သောအသိုင်းအဝိုင်း၏ အကူအညီဖြင့် ပြန်ဆိုရမည်။

ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်း

သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့သည် ဘုရားသခင် ပြောစေလိုသောအရာများကို ပြောစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ စကားကို သန့်ရှင်သော ဝိညာဉ်တော်အားဖြင့် ဟောပြေသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်း

သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက်တို့ကို ဘုရားသခင် ရေးစေလိုသောအရာများကို ရေးနိုင်ရန်ကူညီပေးသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)