my_tn/2pe/01/01.md

4.6 KiB

ယေဘုယျအချက်အလက်

ပေတရုက မိမိကိုယ်ကိုစာရေးသူအဖြစ်ဖော်ပြထားပြီး မိမိစာရေးပေးလိုက်သော ယုံကြည်သူများအကြောင်း ဖော်ပြပြီး နှုတ်ဆက်လိုက်သည်။

ယေရှုခရစ်၏ကျွန်တမန်တော် ငါရှိမုန်ပေတရု

ပေတရုကမိမိသည် ယေရှုခရစ်တော်၏ အစေခံဖြစ်ကြောင်းပြောသည်။ သူသည်ခရစ်တော်၏ တမန်တော်ဖြစ်ရသောအခွင့်နှင့် ရာထူးကိုလည်း ပေးအပ်ခြင်းခံခဲ့ရသည်။

ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့

ပေတရုကယုံကြည်သူတွေအမှန်တကယ်ရရှိနိုင်မည့်ယေရှုခရစ်တော်၏ မှန်ကန်ခြင်းအကြောင်းကို ပြောပြပါသည်။ (ရှု ၊ rc://*/ta/man/translate/figs-abstractnouns)

မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့

''မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့'' ဟု ဤစာကိုဖတ်မည့် ယုံကြည်သူများ အားလုံးထံသို့ ပေတရု လိပ်မူလိုက်ပါသည်။

ငါတို့ဘုရား သခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်

ဤတွင် ''ငါတို့'' ဟူသော စကားလုံးသည် ပေတရုနှင့်အခြားသောတမန်တော်တို့အား ရည်ညွှန်းခြင်းဖြစ်ပြီး စာဖတ်မည့်သူများကို ရည်ညွှန်းခြင်း မဟုတ်ပါ။ အခြားဘာသာပြန်ဆိုချက်၊ "ငါတို့တမန်တော်များရရှိခဲ့ပြီးသောယုံကြည်ခြင်း" (ရှု၊ rc://*/ta/man/translate/figs-exclusive)

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များပြားပါစေသော

ဘုရားသခင်သည် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကိုယုံကြည်သူများအား ပေးလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို တိုးပွားပါစေ။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များပြားပါစေသော

ငြိမ်သက်ခြင်းအကြောင်း ပေတရုပြောရာတွင် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် အရာ၀တ္ထုတစ်ခုဖြစ်ခဲ့လျှင် အရေအတွက်နှင့် အရွယ်အစား တိုးပွားလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘုရားသခင်ကိုလည်းကောင်း၊ ငါတို့သခင်ယေရှုကိုလည်းကောင်း သိသောဉာဏ်အားဖြင့်

''ပညာဗဟုသုတ'' ကို စကားပြောပုံစံဖြင့် ဘာသာပြန်နိုင်သည်။ အခြားဘာသာပြန်ဆိုချက်၊ "ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ကို သိသောအားဖြင့်" (ရှု၊ rc://*/ta/man/translate/figs-abstractnouns)