my_tn/2ki/19/27.md

2.7 KiB

ယေဘုယျအချက်အလက်

ပရောဖက် ဟေရှာယ က ဘုရင်သနာခရိပ်နှင့်ပတ်သက် ၍ ရှင်ဘုရင်ဟေဇကိကို ပေးသည့်ထာဝရဘုရား၏ စကားတော် ဖြစ်သည်။ ယှဉ်တွဲဖော်ပြချက်သုံးသည်ကို တွေ့နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

ငါ့ကိုစော်ကားခြင်း

" ငါ့ကိုဟုန်းနေသည့် သင်၏အမျက်"

သင်၏အမျက်ဟုန်းခြင်းကို ငါကြားသည့်အတွက်

"နားများ" သည် နားထောင်ခြင်း သို့မဟုတ် ကြားခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ မောက်မာသောစကားများကို ငါကြားပြီးဖြစ်သောကြောင့်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သင်၏နှာခေါင်းတွင် ငါ၏ဇက်ခွံ့ကိုထားပြီး သင့်ပါးစပ်၌ ငါ၏အပိုင်းအစကိုထားမည်

"ဇက်ခွံ့" နှင့် "အပိုင်းအစ" သည် (မြင်းကိုထိန်းချုပ်ရန်) ထာဝရဘုရားမှသနာခရိပ်ကို ထိန်းချုပ်မည့်အရာကို တင်စားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို တိရိစ္ဆာန်ကဲ့သို့ ငါဦးဆောင်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်လာသောလမ်းဖြင့် ငါသည်သင့်ကိုပြန်စေမည်

သနာခရိပ်သည် ယေရုရှလင် မအုပ်စိုးမှီ အိမ်ပြန်မည်ဖြစ်ကြောင်းကို ရှင်းလင်းစွာဖော်ပြရန်လိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်ကို မအုပ်ချုပ်ဘဲ သင်လာသောလမ်းအတိုင်း သင်၏ နိုင်ငံသို့ ငါသည်သင့်ကို ပြန်စေမည်" (ရှု၊ rc://*/ta/man/translate/figs-explicit)