my_tn/2ki/19/16.md

3.1 KiB

ယေဘုယျအချက်အလက်

အာရှုရိရှင်ဘုရင် သနာခရိပ်မှ စာကိုလက်ခံပြီးနောက် ရှင်ဘုရင်ဟေဇကိက ထာဝရဘုရားထံ ဆက်လက်ဆု တောင်းနေသည်။

သင်၏နားရွက်ကိုဖွင့်ပါ၊ ထာဝရဘုရား၊ နားထောင်ပါ။ သင်၏မျက်စိကိုဖွင့်ပါ၊ ထာဝရဘုရား၊ ကြည့်ပါ

ဤဝါကျနှစ်ခုစလုံးက သနာခရိပ်ပြောသည့်အရာကို ထာဝရဘုရားကအာရုံစိုက်ရန်တိုက်တွန်းသည့် ဝါကျများဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-parallelism)

အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။

"သင့်နားကိုဖွင့်ပါ" နှင့် "နားထောင်ပါ" တို့၏ ဆိုလိုရင်းမှာ အတူတူဖြစ်သော်လည်း တောင်းဆိုချက်ကို အလေးနက်ပေးသည့်အတွက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၊ ကျေးဇူးပြု၍ သူဘာပြောသည်ကို နားထောင်ပါ" (ရှု၊ rc://*/ta/man/translate/figs-doublet)

အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။

"သင်၏ မျက်စိကို ဖွင့်ပါ" နှင့် "ကြည့်ပါ" စကားလုံးများ၏ ဆိုလိုရင်းမှာ အတူတူဖြစ်သော်လည်း တောင်းဆိုချက်ကို အလေးနက်ပေးသည့်အတွက်သုံးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၊ ကျေးဇူးပြု၍ ဘာဖြစ်ပျက်သည်ကို အာရုံစိုက်ပေးပါ" (ရှု၊ rc://*/ta/man/translate/figs-doublet)

သူတို့၏ဘုရားများကို သူတို့က မီးထဲသို့ပစ်ချကြသည်။

တခြားလူမျိူးတို့၏ ဘုရားများကို အာရှုရိဘုရင်များက မီးရှို့ကြသည်။

သူတို့ကို အာရှုရိတို့က ဖျက်ဆီးကြပြီ

အာရှုရိတို့က လူမျိုးများနှင့် လူမျိုးဘုရားများကို ဖျက်ဆီးကြသည်။