my_tn/2ki/16/07.md

3.9 KiB

တိဂလတ်ပိလေသာ

ဤလူကို 15:19 ၌ "ပုလ" ဟုခေါ်သည်။ 15:29. ၌ မည်သို့ဘာသာပြန်သည်ကို ကြည့်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ငါသည် သင်တို့၏ကျွန်နှင့် သင်တို့၏သား

ကျွန်နှင့် သားဖြစ်ခြင်းသည် တစ်စုံတစ်ယောက်ထံ အပ်နှံခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင်၏ကျွန် သင့်သားဖြစ်မည်ဆိုပါက သင့်ကိုနာခံမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အာရံရှင်ဘုရင်၏လက်ထဲမှ၊ ဣသရေလရှင်ဘုရင်၏လက်ထဲမှ

လက်သည် တန်ခိုးကိုကိုယ်စားပြုသည့်အရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရံရှင်ဘုရင်၏ တန်ခိုးမှနှင့် ဣသရေလရှင်ဘုရင်၏ တန်ခိုးမှ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါ့ကို တိုက်ခိုက်သောသူ

အာခတ်ကို တိုက်ခိုက်သည့်ရှင်ဘုရင်များမှာ အာခတ်ကိုတိုက်ခိုက်သည့်ဘုရင်များနှင့်သူတို့၏စစ်တပ်များကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏စစ်တပ်များနှင့်အတူ ငါ့ကို တိုက်ခိုက်သောသူများ" သို့မဟုတ် " ငါ့ကို တိုက်ခိုက်သော သူ၏ စစ်တပ်များ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

အာရှုရရှင်ဘုရင်သည် ဒမာဒက်မြို့ကိုတိုက်ရန် တက်သွားသည်

"ရှင်ဘုရင်" သည် ဘုရင်နှင့် သူ့စစ်တပ်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိရှင်ဘုရင်နှင့် သူ၏ စစ်တပ်များ ဒမာဒက်မြို့ကို တိုက်ရန် တက်သွားကြသည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

၎င်း၏လူများကို ထောင်သားများအဖြစ် ကိရ်မြို့သို့ ခေါ်လာသည်

လူများခေါ်လာခြင်းသည် အဝေးသို့သွားရန် အတင်းတိုက်တွန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများကို သူ၏ ထောင်သားများအဖြစ် ကိရမြို့သို့ အတင်းသွားခိုင်းသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကိရမြို့

ဖြစ်နိုင်သည့်အဓိပ္ပါယ်များ (၁) မြို့၏နာမည်ဖြစ်သည်။ သို့မဟုတ် (၂) မြို့တော်" အာရှုရိနိုင်ငံ၏ မြို့တော် ကိုဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/translate-names)