my_tn/2ki/16/03.md

4.6 KiB

ဣသရေလရှင်ဘုရင်၏ လမ်း၌လျှောက်သွားကြသည်

လျှောက်သွားခြင်း သည် အပြုအမူကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလရှင်ဘုရင်လုပ်သည့်အတိုင်း ဘုရင်အာဟတ်က လုပ်သည်" သို့မဟုတ် "ဣသရေလရှင်ဘုရင်လုပ်သည့်အရာများကို သူလုပ်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

လိုက်၍ လူမျိုးများကကျင့်သုံးကြသော ရွံ့ရှာဖွယ်သောအရာ

"လိုက်၍" သည် တခြားသူများလုပ်သည့်အရာကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တခြားသောလူမျိုးများလုပ်သည့် ရွံ့ရှာဖွယ်သောအရာကို လိုက်တုခြင်း" (ရှု၊ rc://*/ta/man/translate/figs-metaphor)

လူမျိုးများ

"လူမျိုးများ" သည် တခြားသောလူမျိုးများကို ကိုယ်စားပြုသည်။ ထိုနိုင်ငံအတွင်းရှိလူမျိုးများကိုသာ ဤနေရာ၌ ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တခြားသောလူမျိုးများ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထာဝရဘုရားမောင်းထုတ်သောအရာ

"မောင်းထုတ်" သည် "အတင်းမောင်းထုတ်" ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားက ထွက်သွားရန် အတင်းဖိအားပေးခံသောသူများ"

ဣသရေလလူများရှေ့တွင်

ထိုလူမျိုးများသည် ဣသရေလလူမျိုးများအဖြစ် နိုင်ငံတွင်းသို့ ထွက်ပြေးကြသည်။ ပြည့်စုံစွာဖော်ပြရန် မလိုအပ်ပေ။ အခြားသောဘာသာပြန်ဆိုချက်၊ "နိုင်ငံတွင်းသို့ ပြောင်းရွေ့သွားကြသည့်ဣသရေလလူများရှေ့တွင်" သို့မဟုတ် "နိုင်ငံတွင်းသို့ ဣသရေလလူများအဖြစ် ပြောင်းရွေ့ကြသည့်အတွက်" (ရှု၊ rc://*/ta/man/translate/figs-explicit)

မြင့်မားသောနေရာများ၊ တောင်ပေါ်၊ စိမ်းလန်းသောသစ်ပင်တိုင်းအောက်

ဤနေရာများသည် တခြားသောလူမျိုးများကမှားယွင်းသောဘုရားများကို ကိုးကွယ်ကြသည့်နေရာများဖြစ်သည်။

စိမ်းလန်းသောသစ်ပင်တိုင်းအောက်၌

ဘုရားသခင်က သူ၏လူများက ယေရုရှလင်တွင် သူ့အတွက်ယဇ်ပူဇော်ခြင်းလုပ်ရန် အလိုရှိသည်။ "တိုင်း" သည် ပုံကြီးချဲ့ပြောဆိုခြင်းဖြစ်ပြီး၊ ဘုရင်အာခတ်က ဘုရားသခင်ကိုမနာခံဘဲ တခြားနေရာများတွင်သာ ယဇ်ပူဇော်ခြင်းများ မည်သို့ပြုလုပ်နေသည်ကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စိမ်းလန်းသော သစ်ပင်များ အောက်တွင်" သို့မဟုတ် "တိုင်းပြည်အနှံ့ရှိ စိမ်းလန်းသော သစ်ပင်များ အောက်တွင်" (ရှု၊ rc://*/ta/man/translate/figs-hyperbole)