my_tn/2ki/10/29.md

5.1 KiB

နေဗတ်၏သား ယေရောဗောင်၏ဒုစရိုက်ကိုမချန်ခဲ့

ယေရောဗောင်အပြစ်ပြုလုပ်သည့်အတိုင်း ယေဟုသည်လည်း သူ၏အပြစ်မှမခွာဘဲ အပြစ်လုပ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နေဗတ်၏ သားယေရောဗောင် ကျုးလွန်သော အပြစ်များအတိုင်း အပြစ်လုပ်ခြင်းကို မရပ်တန့်ခဲ့ပါ" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)

နေဗတ်

ဤလူ၏နာမည်ကို 3:1. ၌ဘာသာပြန်ထားသည့်အတိုင်း ပြန်ရန် လိုအပ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဣသရေလအပြစ်

"ဣသရေလ" သည် ထိုနေရာ၌ နေထိုင်ကြသည့်လူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူများ၏ အပြစ်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ပြီးမြောက်စေခြင်း

"သယ်ဆောင်ခြင်း" သို့မဟုတ် "ပြည့်စုံစေခြင်း"

ငါ့အမြင်၌မှန်သောအရာ

မျက်စိများက မြင်ခြင်းကို ကိုယ်စားပြုသည်၊ မြင်နိုင်ခြင်းက စဉ်းစားမှု ဆုံးဖြတ်မှုကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မှန်သည်ဟု ငါဆုံးဖြတ်သောအရာ" သို့မဟုတ် "မှန်သည်ဟု ငါထင်သည့်အရာ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

အာဟပ်၏အိမ်

အာဟပ်၏ "အိမ်" သည် သူ့မိသားကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာဟပ်မိသားစု" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ငါ့နှလုံးထဲရှိအရာအားလုံး

"နှလုံး" သည် "ဆန္ဒ" ကိုကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ လုပ်ရန် ငါလိုချင်သောအရာအားလုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)

နန်းတော်၌ထိုင်သည်

"ရှင်ဘုရင်အဖြစ်အုပ်ချုပ်သည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

မျိုးဆက်လေးဆက်တိုင်

"မျိုးဆက်လေးဆက်တိုင်" သို့မဟုတ် "နောက်ထပ်မျိုးဆက်လေးဆက်"သူ၏ သား၊ မြေး၊ မြစ်၊ တီ တို့ကိုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-ordinal)

ယေဟုက ထာဝရဘုရား၏လမ်း၌လျှောက်သွားရန် ဂရုမစိုက်

"လျှောက်သွား" သည် "အသက်ရှင်ခြင်း" ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ ပညတ်တော်အတိုင်းနေရန် ယေဟုက ဂရုမစိုက်ပေ" (ရှု၊ rc://*/ta/man/translate/figs-idiom)

သူ့နှလုံးအားလုံးနှင့်

"နှလုံး" သည် လူတစ်ယောက်၏ ဆန္ဒနှင့်ဖြစ်ချင်သည့်အရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူလုပ်ခဲ့သောအရာအားလုံး" သို့မဟုတ် "သူ၏ ဆန္ဒအားလုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ယေရောဗောင်၏အပြစ်မှ သူသည်ပြန်မလှည့်ပေ

"ပြန်လှည့်သည်" သည် တစ်ခုခုလုပ်ခြင်းမှ ရပ်တန့်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရောဗောင် အပြစ်လုပ်သည့်အတိုင်း အပြစ်လုပ်ခြင်းမှ ယေဟုသည် နောက်ပြန် မလှည့်ပါ" (ရှု၊ rc://*/ta/man/translate/figs-idiom)