my_tn/2ki/10/25.md

2.7 KiB

သူက အစောင့်နှင့်တပ်မှုးကိုပြောသည်

အစောင့်ကို သူမပြောခင် ယေဟုဘုရားကျောင်းအပြင်သို့ထွက်လာသည်ကို သင်ဖော်ပြရန် လိုအပ်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗာလဘုရားကျောင်းအပြင်သို့ သူသွားပြီး အစောင့်များနှင့် တပ်မှုးများကိုပြောသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဓားသွားနှင့်

ဗာလဘုရား ကိုးကွယ်သူများကို သတ်ရန် လူများက ဓားများကို အသုံးပြုကြသည်။ သူတို့၏ ဓားများကို ဤစကားစုကဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ဓားများနှင့်တကွ" (UDB) (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သူတို့ကို လွှတ်ပစ်ပါ

ဘုရားကျောင်းအပြင်၌ ရှိသည့် လူအလောင်းများကို ပစ်ရန် ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားကျောင်းပြင်ပသို့ အလောင်းများကို ပစ်ချပါ" (ရှု၊ rc://*/ta/man/translate/figs-explicit)

သန့်စင်ခန်းအဖြစ် လုပ်ကြ၏

"အများသုံးအိမ်သာအဖြစ် လုပ်ကြသည်" သန့်စင်ခန်းသည် စခန်းချသည့်စစ်သားများအတွက် သုံးရန် ရေချိုးခန်း၊ အိမ်သာ ဧရိယာဖြစ်သည်။

ယနေ့တိုင်အောင်

တစ်ခုခုသည် အခြေအနေတစ်ခု၌ ယခုအချိန်အထိတည်ရှိနေခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနည်းအတိုင်း ယခုချိန်ထိတိုင်အမြဲရှိနေသည့်အတွက်ကြောင့်" (ရှု၊ rc://*/ta/man/translate/figs-idiom)