my_tn/2ki/10/23.md

3.3 KiB

ဗာလဘုရားကိုကိုးကွယ်သူများကို သူကပြောသည်

"ယေဟုက ဗာလကိုကိုးကွယ်ရန် ဘုရားကျောင်းထဲ၌ရှိသည့် လူများကို ပြောသည်"

ဗာလဘုရားကိုကိုးကွယ်သူများသာလျှင်

"ဗာလဘုရားကို ကိုးကွယ်သူများသာလျှင် ဤနေရာ၌ရှိကြသည်"

သင်လက်ထံသို့ငါယူလာသောလူများမှ တစ်ယောက်ယောက်လွတ်သွားလျှင်

လူများ၏ "လက်" သည် သူတို့၏အထိန်းအချုပ်ကိုဆိုလိုသည်။ ဘုရားကျောင်းပတ်လည်၌ တပ်ချခြင်းဖြင့် သူတို့သည် အထိန်းအချုပ်အောက်သို့ ရောက်ရှိကြသည်။ လူများ လွတ်သွားခြင်း၊ မလွတ်သွားခြင်းသည် သူတို့နှင့်ဆိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ ထိန်းချုပ်မှု အောက်သို့ ငါခေါ်လာသောလူများမှ တစ်ယောက်ယောက်လွတ်သွားလျှင်" သို့မဟုတ် "အထဲ၌ ရှိသည့်လူများထဲမှ တစ်ယောက်ယောက်အဝေးကို ရောက်သွားလျှင်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုသူကိုလွတ်စေသောသူတိုင်း၊ အသက်အတွက်အသက်ကို ပြန်ယူခြင်းခံရမည်

"သူ့ကို လွတ်စေသောကို သတ်ရလိမ့်မည်"

သူ့အသက်ကို ယူခြင်းခံရမည်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ လူတစ်ယောက်သတ်သည်ကို ယဉ်ကျေးသည့်စကားဖြင့် သုံးနှုန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ အသက်ကို ငါတို့ ယူလိမ့်မည်" သို့မဟုတ် "ငါတို့ သူ့ကို သတ်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တစ်စုံတစ်ယောက်၏အသက်

"လူတစ်ယောက်၏ အသက်လှဲလှယ်သည်" ဤလူကို သူမသေကြောင်း အလေးအနက်ပေးချင်သည့်အတွက် သူ၏ အသက်နှင့် ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတစ်ယောက်၏အသက်အတွက်" (ရှု၊ rc://*/ta/man/translate/figs-metonymy)