my_tn/2ki/10/10.md

3.0 KiB

သတိထားမိသည်

"နားလည်သည်" သို့မဟုတ် "သတိထား နေထိုင်သည်"

ထာဝရဘုရား၏စကားတစ်လုံးမျှ...မြေပေါ်သို့ကျမည်

ဖြစ်ပျက်လာမည်ဟု ထာဝရဘုရားပြောသည့်အရာများသည် မသေဆုံးဘဲ၊ မြေပေါ်သို့ ကျရောက်မည်မဟုတ်ကြောင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ စကားတစ်လုံးမျှ... ကျရှုံးမည်" သို့မဟုတ် "ထာဝရဘုရား၏ စကားတိုင်း... ဖြစ်ပျက်လာမည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ထာဝရဘုရားကလုပ်သည်

ထာဝရဘုရားက အာဟပ်မျိုးဆက်များ အသတ်ခံကြရသည်ကို သူတို့ကို သူတို့သတ်ကြသည့်ဟန်ဖြင့် ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားက ဖြစ်စေသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယေဟုက အားလုံးကိုသတ်လျက်....သူ့ယဇ်ပရောဟိတ်များ

ယေဟုက ကိုယ်ထိလက်ရောက် သူတို့အားလုံးကို သတ်ခြင်းမဟုတ်ဘဲ၊ သူတို့ကို သတ်ရန် အမိန့်ပေးခြင်းသာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အားလုံးကို သတ်ရန်...ယေဟုက အားလုံးကို အမိန့်ပေးသည်" သို့မဟုတ် "သူတို့ အားလုံးသေရန်.. ယေဟုကအားလုံးကို အမိန့်ပေးသည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

ကျန်နေသောသူအားလုံး

"အသက်ရှင်ကျန်သော သူအားလုံး" သို့မဟုတ် "ကျန်ခဲ့သော သူအားလုံး"

သူတို့ထဲမှ တစ်ယောက်မှ မကျန်သည့်အထိ

သူတို့အားလုံးအသတ်ခံကြရသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အားလုံး အသတ်ခံကြရသည်အထိ" သို့မဟုတ် "သူတို့အားလုံး သေကြသည်အထိ" (ရှု၊ rc://*/ta/man/translate/figs-euphemism)