my_tn/2ki/09/35.md

2.7 KiB

သူတို့က သူမကို တွေ့ကြတော့မည်မဟုတ်

"သူမအလောင်းကို သူတို့ တွေ့ကြတော့မည် မဟုတ်" အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့တွေ့သည့် အလောင်းမှ အကြွင်းအကျန်များ"

သူမလက်ဝါးများ

လက်ဖဝါးသည် လက်၏ အတွင်းပိုင်းဖြစ်သည်။

တိရှဘိမြို့သား

တိရှိဘိမြို့မှ လူတစ်ယောက်ကို ဆိုလိုသည်။ 1:3. ၌မည်ကဲ့သို့ ဘာသာပြန်သည်ကို ကြည့်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ယေဇဗေလ၏အလောင်းသည် လယ်ကွင်း၌နောက်ချေးကဲ့သို့ဖြစ်၍ မည်သူကမျှ သိနိုင်ကြမည်မဟုတ်

ယေဇဗေလ၏ အလောင်းအပိုင်းအစများသည် လယ်ကွင်း၌ မြေဩဇာကဲ့သို့ ပြန့်နေလျက်ရှိသည်ကို ပြောခြင်းဖြစ်သည်။ သူမ၏အလောင်းသည် သေးငယ်သော အပိုင်းလေးများဖြင့် ပြန့်နေကြပြီး မည်သူကမျှပြန်စု၍မြှပ်နှံကြမည်မဟုတ်။ အခြားသောဘာသာပြန်ဆိုချက်၊ "လယ်ကွင်း၌ မြေဩဇာ ပြန့်နေသကဲ့သို့ ယေဇဗေလ၏အလောင်းသည် ပြန့်နေသည့်အတွက် မည်သူကမျှ သိနိုင်ကြမည် မဟုတ်" (ရှု၊ rc://*/ta/man/translate/figs-simile)

နောက်ချေး

"မြေဩဇာ" မြေဩဇာအဖြစ်သုံးရန် တူးကြသည်ကိုဆိုလိုသည်။

မည်သူကမျှ "ဤဟာသည်ယေဇဗေလဖြစ်ကြောင်း" ပြောနိုင်ကြမည်မဟုတ်။

"သူမ၏အလောင်းကို မည်သူကမျှ သိကြမည်မဟုတ်" သို့မဟုတ် "မည်သူကမျှ ဤဟာသည် ယေဇဗေလဖြစ်ကြောင်း ပြောနိုင်ကြမည်မဟုတ်ပါ"