my_tn/2ki/09/30.md

2.6 KiB

သူမမျက်ခမ်းတို့ကိုလိမ်းခြယ်၍ သူမဆံပင်ကိုတန်ဆာဆင်သည်

"မိတ်ကပ်လိမ်း၍ ကြည့်ကောင်းအောင်သူမဆံပင် အလှပြင်သည်"

သင့်သခင်ကိုသတ်သော သင်ဇိမရိ၊ ငြိမ်သက်ခြင်းနှင့်လာမည်လော။

ယေဇရေလက ယေဟုသည် ငြိမ်သက်ခြင်းနှင့်မလာသည့်အတွက် ဤအဖြေမလိုသောမေးခွန်းဖြင့် အပြစ်တင်ခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်သခင်ကိုသတ်သော သင်ဇိမရိ၊ သင်သည် ငြိမ်သက်ခြင်းနှင့် မလာပါသကား" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင့်သခင်ကိုသတ်သော သင်ဇိမရိ

ယေဇရေလက ယေဟုကို "ဇိမရိ" ဟုခေါ်သည်၊ ဆိုလိုသည်မှာ လူသတ်သမားဟု ဆိုလိုခြင်းဖြစ်သည်။ ဇိမရိသည် ရှင်ဘုရင်ဖြစ်ချင်သည့်အတွက် ဣသရေလရှင်ဘုရင်ကိုသတ်သည့် ဣသရေလတပ်မှုးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိမရိက သူ့သခင်ကိုသတ်သည့်နည်းတူ၊ သင်လည်း သင့်သခင်ကို သတ်သည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဇိမရိ

လူ၏ နာမည်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ငါ့ဘက်မှာ အဘယ်သူနေသနည်း

"တစ်ယောက်ယောက်ဘက်၌နေခြင်း" သည် သူ့ကိုထောက်ခံသည့်အနေဖြင့် သူ့အပေါ်သစ္စာရှိခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ထံ၌ မည်သူသည် သစ္စာရှိမည်နည်း" (ရှု၊ rc://*/ta/man/translate/figs-idiom)