my_tn/2ki/08/13.md

3.4 KiB

ဤကြီးမားသောအမှုကို လုပ်သင့်သည့် သင်၏ကျွန်မှာ အဘယ်သူနည်း။

ဟာဇေလက သူ့ကိုယ်သူ ဧလိရှဲ၏ကျွန်ဟု ရည်ညွှန်းသည်။ ဧလိရှဲပြောသည့် ကြောက်စရာအမှုကို သူမလုပ်နိုင်သည်ကို အလေးနက်ပေးချင်သည့်အတွက် ဧာဇေလက ဤမေးခွန်းမျိုးကိုသုံးခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤမျှလောက်ကြီးမားသောအမှုကို ငါသည် မလုပ်နိုင်ပေ" သို့မဟုတ် "ဤမျှလောက်ကြီးမားသောအမှုကို လုပ်နိုင်သည့်တန်ခိုးရှိသူမှာ အဘယ်သူနည်း" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဤကြီးမားသောအမှု

"ဤကြောက်စရာအမှု" "ကြီးမားသော" သည် ကြောက်စရာ၊ ကြီးမားသော အကျိုးသက်ရောက်မှုကို ရှိသည့်အမှု တစ်စုံတစ်ခုကို ဆိုလိုသည်။

သူသည် ခွေးသာလျှင်ဖြစ်သည်။

ဟာဇေလက သူ့ကိုယ်သူပြောခြင်းဖြစ်သည်။ သူသည် နိမ့်ကျသည့်အဆင့်၊ လွှမ်းမိုးမှုမရှိသည့်အတွက် သူ့ကိုယ်သူခွေးနှင့်နှိုင်းယှဉ်ခြင်းဖြစ်သည်။ ခွေးသည် နိမ့်ကျသော တိရိစ္ဆာန်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ခွေးကဲ့သို့ ဩဇာမဲ့နေသည်"(UDB) သို့မဟုတ် "ငါသည် နိမ့်ကျသော ခွေးကဲ့သို့ အာဏာမဲ့ဖြစ်နေသည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူ၏သခင်ဆီကို လာသည်

"သူ၏ သခင်" သည် ဗင်္ဟာဒဒ်ကို ဆိုလိုသည်။

မျက်နှာကို ဖုံးသဖြင့် သူသည်သေလေသည်

ဗင်္ဟာဒဒ်သည် စိုနေသောစောင်အောက်၌ အသက်ရှူမွန်းကြပ်သည်ကို ဆိုလိုသည်။ ဆိုလိုရင်းကို ရှင်းလင်းစွာဖော်ပြရန်လိုအပ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗင်္ဟာဒဒ်သည် အသက်မရှူနိုင်သည့်အတွက် သေဆုံးလေသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)