my_tn/2ki/08/10.md

3.3 KiB

သူအရှက်ရသည့်တိုင်

"ဟာဇေလက မျက်နှာပျက်သည်အထိ"

ငါ၏သခင်

ဟာဇေလက ဧလိရှဲကို လေးစားသည့်အနေဖြင့် ခေါ်ခြင်းဖြစ်သည်။

ငါသိသည့်အတွက်

အနာဂတ်၌ မည်သည့်အရာ ဖြစ်လာမည်ကို ထာဝရဘုရားက ဧလိရှဲအားပြသသည်။

သင် လုပ်လိမ့်မည်

"သင်" သည် ဟာဇေလကို ကိုယ်စားပြုပြီး သူ ရှင်ဘုရင်ဖြစ်ချိန် သူ၏ ထိန်းချုပ်မှုအောက်ရှိ စစ်သားများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်က ဖြစ်စေမည်" သို့မဟုတ် "သင်၏ စစ်သားများကို အမိန့်ပေးမည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သင်တို့ လုပ်ရမည်,,,,သင်သည် သတ်ကြရမည်

"သင်" သည် ဟာဇေလကို ကိုယ်စားပြုသော်လည်း သူကိုယ်တိုင်မဟုတ်ဘဲ သူ၏ စစ်သားများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ စစ်သားများက ပြုရမည်...သင်တို့ စစ်သားများက သတ်ရမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့ကလေးများကို အပိုင်းပိုင်းဖြတ်ပါ

"သူတို့၏ သူငယ်များကို တက်နင်းကြပါ" ဤဟာသည် စစ်သားများက ကလေးများအပေါ် အလွန်ရိုင်းစိုင်းသည့်အပြုအမူဖြစ်သည်။

ဓားဖြင့် သူတို့လူပျိုများကို သတ်ပါ

စစ်ပွဲ၌ လူများကို သတ်ရန်ကို ဆိုလိုရင်းဖြစ်သည်။ ဓားသည် စစ်ပွဲ၌ သုံးသည့် အဓိကလက်နက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စစ်ပွဲ၌ သူတို့၏လူပျိုများကို သတ်ပါ" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကိုယ်ဝန်ဆောင်မိန်းမများကို နံရိုးများခွဲခြင်းပြုလုပ်မည်

သူတို့၏ ဝမ်းဗိုက်များခွဲခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဓားဖြင့် ကိုယ်ဝန်ဆောင်မိန်းမများ၏ ဝမ်းဗိုက်များကို ခွဲခြင်း" (ရှု၊ rc://*/ta/man/translate/figs-explicit)