my_tn/2ki/08/07.md

2.9 KiB

ဗင်္ဟာဒဒ်

ရှုရိရှင်ဘုရင်၏ နာမည်ဖြစ်သည်။ သူ့နာမည်က "ဟာဒဒ်၏ သား" ဟု ဆိုလိုရင်းဖြစ်သည်။ 6:24 ၌ဖော်ပြသည့်အတိုင်း ဘာသာပြန်ရန်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ဟာဇေလ

လူ၏ နာမည်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

လက်ဆောင်ယူပါ

ဟာဇေလက လက်ဆောင်ကို တစ်ခုတည်းမဟုတ်ဘဲ အများကြီးယူခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လက်ဆောင် အများအပြားကို ယူသည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သင်၏လက်ထဲ၌

"သင်၏လက်ထဲ၌" သည် အသုံးအနှုန်းဖြစ်ပြီး သူနှင့်အတူ သူ့အတွက်ပါ လက်ဆောင်ယူရန်ဟု ဆိုလိုရင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်နှင့်အတူ" (ရှု၊ rc://*/ta/man/translate/figs-idiom)

ဘုရားသခင်၏လူ

"ဘုရားသခင်၏ လူ ဧလိရှဲ"

သူမှတဆင့် ထာဝရဘုရားကို တိုင်ပင်ပါဟု ပြောလျက်

"ထာဝရဘုရားကို မေးဖို့ရန် ဧလိရှဲကိုပြောပါ"

ကုလားအုပ် (၄၀) ကောင်ကထမ်းကြသည်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကုလားအုပ် (၄၀) ကောင်က ထမ်းသောအရာ"

ကုလားအုပ် (၄၀) ကောင်

"ကုလားအုပ် ၄၀ ကောင်" (ရှု၊ rc://*/ta/man/translate/translate-numbers)

ရှုရိရှင်ဘုရင် သင့်သား ဗင်္ဟာဒဒ်

ဗင်္ဟာဒဒ်သည် ဧလိရှဲ၏ သား အမှန်မဟုတ်ပေ။ သို့သော် သူတို့အကြားနီးစပ်သည့်ဆက်ဆံမှုရှိသည်ကို ပြသည့်အနေဖြင့် ဟာဇေလက ခေါ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ သားနှင့်တူသည့် ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်" (ရှု၊ rc://*/ta/man/translate/figs-metaphor)