my_tn/2ki/07/16.md

3.5 KiB

စခန်းကို သိမ်းကြသည်

စစ်နိုင်သည့်စစ်သားများက သူတို့နိုင်သည့် စစ်သားများထံ ယူကြသည့်အရာများဖြစ်သည်။

ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရောင်းရမည်

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့သည် ဂျုံမုန့်ညက်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို ငွေနှစ်ကျပ်ဖြင့် ရောင်းကြမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မုန့်ညက်တစိတ်...မုယောဆန်တခွဲ

"အချိန်" သည် မုန့်ခြောက်အချိန်ဖြစ်ပြီး (၇) လီတာခန့်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မုန့်ညက် (၇) လီတာခန့်... မုယော (၁၄) လီတာ" (ရှု၊ rc://*/ta/man/translate/translate-bvolume)

တစိတ်

တစိတ်သည် (၁၁) ဂရမ်ခန့်ရှိသော အလေးချိန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငွေ (၁၁) ဂရမ်ခန့်" သို့မဟုတ် "ငွေတစိတ်" (ရှု၊ rc://*/ta/man/translate/translate-bmoney)

ထာဝရဘုရား၏စကားတော်ပြောသည့်အတိုင်း

"စကားတော်" သည် ထာဝရဘုရားကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားပြောသည့်စကားတော်အတိုင်း" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှင်ဘုရင်မှီခြင်းကို ခံရသောအမတ်

ရာထူးမြင့်ရရှိထားသူ ရှင်ဘုရင်၏ကိုယ်ပိုင်အတွင်းရေးမှုးကို ရှင်ဘုရင်မှီခြင်းကို ခံသောသူဟု သုံးနှုန်းခြင်းဖြစ်သည်။ 7:1 ၌မည်ကဲ့သို့ဘာသာပြန်သည်ကို ပြန်ကြည့်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်နှင့်နီးစပ်သော အမတ်" သို့မဟုတ် "ရှင်ဘုရင်၏ကိုယ်ပိုင်အတွင်းရေးမှူးဖြစ်သော အမတ်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူ့ကို တက်နင်းကြသည်

စခန်းရှိလူအုပ်တို့သည် အစာကိုရရှိနိုင်ကြရန်အတွက် လူတစ်ယောက်ကို တံခါးခေါက်ခေါ်ပြီး သေသည့်တိုင်အောင်နင်းကြသည်။