my_tn/2ki/06/32.md

8.0 KiB

ရှင်ဘုရင်က သူ့ရှေ့၌ လူတစ်ယောက်ကို လွှတ်လိုက်သည်

"ရှင်ဘုရင်၏ ရှေ့၌" သည် သူ၏ကျွန်များမှ တစ်ယောက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလရှင်ဘုရင်က သူ့ကျွန်တစ်ယောက်ကို စေတမန်အဖြစ်လွှတ်လိုက်သည်" (ရှု၊ rc://*/ta/man/translate/figs-idiom)

တမန်သည် ဧလိရှဲထံသို့လာသည့်အခါ သက်ကြီးသူများကို ပြောသည်

ရှင်ဘုရင်၏ စေတမန်ရောက်လာသည့်နှင့် ဧလိရှဲက သက်ကြီးသူများကို ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စေတမန်များ ရောက်လာသည့်အခါ ဧလိရှဲက သက်ကြီးသူများကို ပြောသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဤလူသတ်၏သားက ငါ၏ ခေါင်းကိုယူရန် ပို့လိုက်သည်ကို ကြည့်ကြပါ

တမန်၏ အာရုံကိုဆွဲဆောင်ပြီး ရှင်ဘုရင်ကို စော်ကားသည့်အနေဖြင့် ဤအဖြေမလိုသော မေးခွန်းကို ဧလိရှဲက သုံးခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသတ်၏ သားသည် ငါ့ခေါင်းကိုဖယ်ရှားရန်အတွက် လူတစ်ယောက်လွှတ်လိုက်သည်ကို ကြည့်ကြပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လူသတ်၏သား

ဣသရေလရှင်ဘုရင်သည် လူသတ်သည့်အကျင့်ရှိသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသတ်သမားနှင့် တူသည့် ဤလူ" သို့မဟုတ် "ထိုလူသတ်သမား" (ရှု၊ rc://*/ta/man/translate/figs-idiom)

ပို့လိုက်ပြီ

မြှပ်ထားသည့် စကားလုံးကို ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်ကို ပို့သည်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ငါ၏ခေါင်းကို ယူသွားကြပါ

သူ့ကို ခေါင်းဖြတ်ရန်ကို ဆိုလိုသည်။ အခြားသောဘသာပြန်ဆိုချက်၊ "ငါ၏ခေါင်းကိုဖြတ်ရန်" သို့မဟုတ် "ငါ့ခေါင်းကိုဖြတ်ရန်" (ရှု၊ rc://*/ta/man/translate/figs-euphemism)

ကြည့်ပါ

သူ နောက်ထပ်ပြောချင်သည့် အရာကြောင့် သက်ကြီးများ၏အာရုံကို ဆွဲခေါ်သည့်အနေဖြင့် ဧလိရှဲက ဤစကားလုံးကို သုံးခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)

တံခါးကို သူ့နားမှာ ပိတ်ကြလော့

တစ်စုံတစ်ယောက်အတွက် တံခါးပိတ်ခြင်းသည် ထိုတံခါးမှ မဝင်ရန် တံခါးပိတ်ခြင်းဖြစ်သည်။ အခြားသောဘသာပြန်ဆိုချက်၊ "သူမဝင်လာနိုင်အောင် တံခါးကို ပိတ်ထားပါ" (ရှု၊ rc://*/ta/man/translate/figs-idiom)

သူ့နောက်၌ သူ့သခင်၏ခြေသံမမြည်သလော။

ရှင်ဘုရင်သည် သူနှင့် မနီးမဝေးတွင်လာသည်ကို သက်ကြီးများအား ဟုတ်မှန်သည့်အကြောင်းဖြင့် ဤမေးခွန်းကို ဧလိရှဲကသုံးခြင်းဖြစ်သည်။ ဤအဖြေမလိုသော မေးခွန်းမျိုးကို ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်၊ "သူ့သခင်၏ ခြေသံသည် သူ၏ နောက်တွင်ဖြစ်သည်" သို့မဟုတ် "သူရောက်ပြီး မကြာခင် ဘုရင်သည် လာလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

တမန်ကို ကြည့်ပါ

"ကြည့်ပါ" စကားလုံးသည် စေတမန်ရောက်လာကြောင်းကို ငါတို့အား အသိပေးသည့်အချက်ဖြစ်သည်။

တမန်သည် သူ့ဆီသို့ရောက်လာကြသည်

တမန်သည် ရောက်လာပြီး ရှင်ဘုရင်က ဧလိရှဲပြောသည့်အတိုင်း လုပ်လေသည်။ "သူ့ဆီသို့လာသည်" စကားစုသည် သူရှိသည့်နေရာတွင် သူတို့ရောက်ရှိလာကြသည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စေတမန်နှင့်ရှင်ဘုရင်သည် ရောက်လာကြသည်" (ရှု၊ [[rc:///ta/man/translate/figs-explicit]] နှင့် [[rc:///ta/man/translate/figs-idiom]])

ကြည့်ပါ ဤအမှု

"အမှန်တကယ်၊ ဤအမှု" "ကြည့်ပါ" စကားလုံးသည် နောက်လိုက်လာသည့်အကြောင်းကို အလေးနက်ပေးချင်သည့်အတွက်ဖြစ်သည်။ "ဤအမှု" စကားစုသည် ရှမာရိ၌ကျရောက်သည့် အစာခေါင်းပါးမှုကို ဆိုလိုသည်။

ထာဝရဘုရားကို အဘယ့်ကြောင့် စောင့်ရမည်နည်း

ထာဝရဘုရားက သူတို့ကို ကူညီနိုင်သည်ဟု မယုံကြည်ခြင်းကို အလေးနက်ပေးချင်သည့်အတွက် ဘုရင်က ဤမေးခွန်းမျိုးကို သုံးခြင်းဖြစ်သည်။ ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ကို ထာဝရဘုရားက ကူညီလာရန်ကို အဘယ့်ကြောင့် ငါသည်စောင့်ရမည်နည်း" သို့မဟုတ် "ထာဝရဘုရားမှ အကူအညီကို ငါမစောင့်နိုင်ပါ" (ရှု၊ [[rc:///ta/man/translate/figs-explicit]] နှင့် [[rc:///ta/man/translate/figs-rquestion]])