my_tn/2ki/05/17.md

3.7 KiB

မဟုတ်လျှင်

မြှုပ်ထားသည်စာလုံးကို ပြန်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်အတွက် ယူလာသော လက်ဆောင်များကို သင် မယူလျှင်" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

သင်၏ ကျွန်ကို ပေးပါရစေ

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အခွင့်ပေးပါ" (ရှု၊ rc://*/ta/man/translate/figs-activepassive)

မြည်းနှစ်စီးနှင့်တင်၍ မြေအနည်းငယ်ကို တင်ပါရစေ

ဣသရေလမှ မြေဆီလွှာကို ယူပြီး မြည်းနှစ်ကောင်ဖြင့် အိမ်သို့ သယ်ရန် နေမန်က ပြောခြင်းဖြစ်သည်။ ထိုမြေဆီလွှာပေါ်၌ ယဇ်ပလ္လင်ကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေဆီလွှာကို မြည်းနှစ်ကောင် သယ်လောက်သည့် ပမာဏကို ဣသရေလနိုင်ငံမှ ယူ၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ဆောက်နိုင်ရန် ရည်ရွယ်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်၏ကျွန်

နေမန်က သူသည် ဧလိရှဲ၏ ကျွန်ဖြစ်သည်ဟု သူ့ကိုယ်သူ ပြန်ရည်ညွှန်းခြင်းဖြစ်သည်။

ထာဝရဘုရားမှတပါး မည်သည့်ဘုရားကိုမျှ မီးရှို့ရာပူဇော်သက္ကာနှင့် အခြားယဇ်မျိုးကိုမဆို မဆက်သပါ

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားမှတပါး အခြားဘုရားကို မီးရှို့ရာပူဇော်သက္ကာနှင့် အခြားယဇ်မျိုး မဆက်သပါ" သို့မဟုတ် "ထာဝရဘုရားကိုသာ မီးရှို့ရာပူဇော်သက္ကာနှင့် အခြားယဇ်မျိုးကို ဆက်သပါမည်" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ငါ၏ဘုရင်

နေမန်က အမှုဆောင်ပေးသော အာရံ (ရှုရိ) ရှင်ဘုရင်ကိုဆိုလိုသည်။

ငါ၏လက်ကို မှီလျက်

"ငါ၏ လက်ပေါ်၌ သူ့ကိုယ်သူ မှီသည်" ရှင်ဘုရင်သည် အသက်အိုလာသည် သို့မဟုတ် နေမကောင်းသည့်အတွက် ရိမ္မုန်၏ အိမ်၌ ဦးညွတ်ပြီး ဘုရင်ကို နေမန်က ကူညီပေးသည်"

ငြိမ်ဝပ်စွာသွားလော့

"အိမ်ပြန်ပြီး စိုးရိမ်ခြင်း မရှိနှင့်" သို့မဟုတ် "ကြောက်ရွံ့ခြင်းမရှိဘဲ ထွက်သွားပါ"