my_tn/2ki/05/15.md

2.4 KiB

ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင်မရှိ

အငြင်းဝါကျမပါအောင် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလတို့၏ ဘုရားသည်သာ မှန်ကန်သော တပါးတည်းသော ဘုရားဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ငါကိုးကွယ်သောထာဝရဘုရား၊ အသက်ရှင်တော်မူသည့်အတိုင်း

"ငါ ကိုးကွယ်သောဘုရား အသက်ရှင်သည်ကို ငါ သိသည်အတိုင်း" ထာဝရဘုရားအသက်ရှင်သည့်အတိုင်း ဧလိရှဲက နေမန်ထံမှ မည်သည့်လက်ဆောင်မှ လက်မခံမည်ကို နှိုင်းယှဉ်ခြင်းဖြစ်သည်။ လေးနက်သော ကတိပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ ကိုးကွယ်သော ထာဝရဘုရား အသက်ရှင်သည့်အတွက် သင့်ကို ငါကတိပြုပါသည်" (ရှု၊ rc://*/ta/man/translate/figs-simile)

ငါရပ်နေသောသူ၏ရှေ့၌

ထာဝရဘုရား၏ အမှုဆောင်ခြင်းကို သူ၏ ရှေ့၌ ရပ်နေသည်ဟု သုံးနှုန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ အမှုဆောင် ပေးသောသူ" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ငါသည် မည်သည့်အရာမျှ လက်မခံပါ

သူက မည်သည့်လက်ဆောင်မှ လက်ခံမည်မဟုတ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သည့်လက်ဆောင်မှ ယူမည် မဟုတ်ပါ" (ရှု၊ rc://*/ta/man/translate/figs-explicit)