my_tn/2ki/04/28.md

2.1 KiB

သခင် သားတစ်ယောက်ကို ငါတောင်းခဲ့သလော။ 'ငါ့ကို မလှည့်စားပါနှင့်' ဟု ငါပြောသည်မဟုတ်လော။

မည်သည့်အရာဖြစ်ပျက်ခဲ့သည့်အကြောင်း သူမဝမ်းနည်းသည်ကို ပြသည့်အနေဖြင့် ဤအဖြေမလိုသော မေးခွန်းကို အမျိုးသမီးက သုံးခြင်းဖြစ်သည်။ သူမ သားတစ်ယောက်ဖွားမြင်မည်ဟု ပြောသည့်အခါ ဧလိရှဲနှင့်အတူ စကားပြောခန်းအကြောင်းကို သူမက ပြန်ပြောခြင်းဖြစ်သည်။ ဤမေးခွန်းမျိုးကို ရိုးရိုးဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သားတစ်ယောက်ပေးရန် ငါသည် သင့်ကို မတောင်းလျှောက်ခဲ့ပါ၊ သို့သော် ငါ့ကို မလှည့်ဖြားဖို့ရန်သာ တောင်းလျှောက်ခဲ့သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ခရီးသွားရန်အတွက် ဝတ်စားသည်

"ခရီးသွားရန် အဆင်သင့်ဖြစ်သည်။"

လူတစ်ဦးဦးတွေ့လျှင် နှုတ်မဆက်နှင့်၊ တစ်ဦးဦးက နှုတ်ဆက်လျှင်လည်း ပြန်မထူးနှင့်။

ဧလိရှဲက ဂေဟာဇိကို မည်သူ့ကိုမျှ စကားပြောပြီး မရပ်ဘဲ မြန်နိုင်သမျှ အမြန်ဆုံးဖြင့် ခရီးသွားရန် အလိုရှိသည်။