my_tn/2ki/03/21.md

3.2 KiB

ယခု

အဓိက ဇာတ်လမ်းမှ အခြားအကြောင်းအရာကို စပြောသည့်နေရာဖြစ်သည်။ စာရေးသူက မောဘစစ်သားများက ရှင်ဘုရင်သုံးပါးနှင့် သူတို့၏ စစ်သားများသွားရောက်တွေ့ဆုံရန် မည်ကဲ့သို့ပြင်ဆင်ကြပုံကို ပြောပြသည်။ (ရှု၊ rc://*/ta/man/translate/writing-background)

စစ်ဝတ်တန်ဆာဝတ်ဆင်နိုင်သောသူ

"စစ်ဝတ်တန်ဆာ" သည် စစ်တိုက်နိုင်သည့် အရည်အချင်းကို ကိုယ်စားပြုသည်။ အခြားသောဘသာပြန်ဆိုချက်၊ "စစ်တိုက်နိုင်သော ယောကျ်ားအားလုံး" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ရှင်ဘုရင်များ ကြွလာပြီး

"ရှင်ဘုရင်များ" စကားလုံးသည် ရှင်ဘုရင်နှစ်ပါးစလုံးနှင့် သူတို့၏စစ်သားများအပါအဝင် ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်တို့သည် သူတို့၏ စစ်တပ်များနှင့်အတူ လာကြသည်" သို့မဟုတ် "ရှင်ဘုရင်များနှင့် သူတို့၏ စစ်သားများသည် လာကြသည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သွေးကဲ့သို့နီရဲ၏

ရေ၏နီရဲသော အသွင်အပြင်ကို သွေးကဲ့သို့အရောင်ရှိသည်ဟု ခိုင်းနှိုင်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သွေးကဲ့သို့ နီရဲသည်" (ရှု၊ rc://*/ta/man/translate/figs-simile)

ထို့ကြောင့် ယခု၊ မောဘစစ်သားများ

စစ်သားများက သူတို့ကိုသူတို့ "မောဘ" ဟုသုံးနှုန်းကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘစစ်သားများ" (ရှု၊ rc://*/ta/man/translate/figs-synecdoche)

သူတို့ကို လုယူကြလော့

"သူတို့ ဥစ္စာများကို ခိုးကြလော့" တပ်မတော်သည် သူတို့၏ ရန်သူများအနိုင်ယူကြပြီးနောက် ချန်ခဲ့ကြသည့်တန်ဖိုးရှိသော မည်သည့်အရာမဆိုကိုသူတို့က လုယူကြလေ့ရှိသည်။