my_tn/2jn/01/12.md

3.0 KiB

ဆက်စပ်မှု ဖော်ပြချက်

ရှင်ယောဟန်စာစောင်သည် ယုံကြည်သူများထံသို သွားရောက် လည်ပတ်လိုသောဆန္ဒနှင့် အခြားသောအသင်းတော်မှ နှုတ်ဆက်စကားများ ပြောခြင်းဖြင့် အဆုံးသတ်သည်။

ယေဘုယျ ဖော်ပြချက်

အပိုဒ်ငယ် တစ်ဆယ့်နှစ် တွင်ဖော်ပြသော "သင်" ဟူသောစကားလုံးသည် လူတစ်ဦးကိုသာ ပြောခြင်းဖြစ်သည်။ အပိုဒ်ငယ် တစ်ဆယ့်သုံးတွင်ဖော်ပြသော "သင်တို့၏" ဟူသော စကားလုံးသည် လူအများကို ပြောခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

စက္ကူပေါ်၌ မှင်နှင့်ရေးခြင်းငှါ အလိုမရှိ

ရှင်ယောဟန်သည် ယုံကြည်သူများထံသို့အခြားသောအကြောင်းအရာများကို စာအားဖြင့်သာ ရေးသားပေးပို့ခြင်းမဟုတ်ဘဲ လူကိုယ်တိုင်သွားရောက်ပြောကြားရန်ဆန္ဒ ရှိသည်။ ယုံကြည်သူများထံသို့ စာရွက်ပေါ်တွင် မှင် အသုံးမပြုဘဲ အခြားသောအရာများဖြင့် ရေးသားပေးပို့ မည်ဟု ပြောဆိုလိုခြင်းမဟုတ်ပါ။

သင်၏ မြတ်သောညီမ၏ သားသမီးတို့သည်

ဤကျမ်းချက်တွင် ယောဟန်က အခြားသောအသင်းတော်ဆိုသည်မှာ ဤစာကို လက်ခံသော အသင်းတော်နှင့် ဆက်စပ်သောအသင်းတော်ရှိ ယုံကြည်သူများကို ပြောခြင်းဖြစ်သည်။ ယုံကြည်သူများအားလုံးသည် အသင်းတော်၏ အစိတ်အပိုင်းများဖြစ်ပြီး ထိုသူများတို့သည် အသင်းတော်၏ သားသမီးများဖြစ်ကြသည်။ ဤကျမ်းချက်တွင် ယုံကြည်သူများအားလုံးသည် ဝိဉာဉ်ရေးရာ၌ မိသားစုများဖြစ်ကြသည်ကို ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)