my_tn/2jn/01/09.md

2.6 KiB

ရှေ့ကျသောသူများ

​ဤအရာသည် ဘုရားသခင် နှင့် အမှန်တရားကို အခြား​သောသူများထက် ပိုမိုသိကျွမ်းသည်ဟု ကြွေးကြော်သောသူများကို ရည်ညွှန်းခြင်းဖြစ်သည်။ တနည်းအားဖြင့် ဘုရားသခင်အား ပိုမိုသိကျွမ်းသည်ဟု ကြွေးကြော်သောသူများ သို့မဟုတ် အမှန်တရားကို နာခံခြင်းမရှိသောသူများကို ဆိုလိုခြင်း ဖြစ်သည်။

ဘုရားသခင်ကို မသိ

ဘုရားသခင်နှင့် မသက်ဆိုင်သောသူ

ခရစ်တော်၏ ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။

သခင်ခရစ်တော်၏ သွန်သင်မှုများကို လိုက်နာသောသူသည် အဖဘုရားသခင်နှင့် သားတော်နှင့် ဆိုင်သောသူဖြစ်သည်။

ခမည်းတော်နှင့် သားတော်

ဤနာမတော်များသည် အရေးကြီးသော ဂုဏ်ပုဒ်များဖြစ်ပြီး ဘုရားသခင်နှင့် သခင်ယေရှု၏ဆက်စပ်မှုကို ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/guidelines-sonofgodprinciples)

သူ့ကိုသင့်အိမ်၌ လက်မခံနှင့်

ဤစာပိုဒ်၏ ဆိုလိုရင်းမှာ အိမ်၌လက်ခံခြင်းသည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အလေးပေးခြင်း ဖြစ်သောကြောင့် ခရစ်တော်မသိသောသူများကို လက်မခံရန် ပြောကြားခြင်းဖြစ်သည်။

သူ၏ ဆိုးယုတ်သောအကျင့် တို့နှင့် ဆက်ဆံရာသို့ ရောက်၏။

သူ၏ ဆိုးယုတ်သော အကျင့်တို့ကို မျှဝေခြင်းနှင့် ကူညီခြင်း