my_tn/2co/12/16.md

3.5 KiB

သို့သော်လည်း၊ လိမ္မာသောသူဖြစ်၍ ပရိယာယ်အားဖြင့် သင်တို့ကို ဘမ်းစီးပြီဟုဆိုလျှင်

ငွေကြေး တောင်းခံခြင်း မပြုသော်လည်း၊ ထိုသို့ပြုသည်ဟု စွပ်စွဲသော ကောရိန္တုမြို့ ယုံကြည်သူများ အရှက်ရရန် ဆိုလိုက်ခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့ရာတွင်၊ သင်တို့အား လှည့်ဖျား၍ ပရိယာယ်ပြုသည်ဟု ငါ့ကို စွပ်စွဲကြလျှင်" (ရှု၊ rc://*/ta/man/translate/figs-irony)

တစုံတယောက်သောသူကို သင်တို့ဆီသို့ စေလွှတ်၍၊ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော

မယူကြောင်း ရှင်ပေါလုနှင့် ကောရိန္တုမြို့ ယုံကြည်သူ များ သိပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ထံ ငါစေလွှတ်သောသူတိုင်းသည် သင်တို့၏ဥစ္စာကို သိမ်းယူခြင်း မပြုကြ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော

မယူကြောင်း ရှင်ပေါလုနှင့် ကောရိန္တုမြို့ ယုံကြည်သူများ သိပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တိတုသည် သင်တို့၏ဥစ္စာကို မသိမ်းမယူ" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည် မဟုတ်လော

အသက်ရှင် နေထိုင်မှုကို ဆိုလိုသည်။ ဟုတ်ကြောင်း ရှင်ပေါလုနှင့် ကောရိန္တုမြို့ ယုံကြည်သူများ သိပြီးဖြစ် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် စိတ်သဘော တူညီစွာဖြင့် အသက်ရှင်ကြ၏" (ရှု၊ rc://*/ta/man/translate/figs-rquestion)

တလမ်းတည်း လိုက်ကြသည် မဟုတ်လော

အသက်ရှင် နေထိုင်မှုကို ဆိုလိုသည်။ ဟုတ်ကြောင်း ရှင်ပေါလုနှင့် ကောရိန္တုမြို့ ယုံကြည်သူများ သိပြီးဖြစ် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တလမ်းတည်း လိုက်ကြသောသူများ ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)