my_tn/2co/12/01.md

3.0 KiB

ဆက်စပ်မှု ဖော်ပြချက်

ဘုရားသခင်ထံမှ တမန်တော်ရာထူး ရရှိကြောင်း သက်သေပြရန်၊ ယုံကြည်သူ ဖြစ်လာပြီးနောက် မိမိအသက်တာတွင် ကြုံတွေ့သမျှကို ပြန်လည်ဖော်ပြထားသည်။

ငါဆက်သွားမည်

"ငါဆက်ပြောမည်၊ သို့သော်ယခု"

သခင်ဘုရား ပြတော်မူသော ထူးဆန်းသော ရူပါရုံနှင့် ဗျာဒိတ်တော်များ

ဖြစ်နိုင်ခြေများမှာ၊ ၁) "ထူးဆန်းသော ရူပါရုံနှင့် ဗျာဒိတ်တော်များ" မှာ တခုတည်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သခင်ဘုရား ပြတော်မူသော ထူးဆန်းသောအရာများ။" သို့မဟုတ် ၂) မတူညီသောအရာ နှစ်ခုကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သခင်ဘုရား ပြတော်မူသော ရူပါရုံများနှင့် မိန့်တော်မူသော ဗျာဒိတ်တော်များ" (ရှု၊ rc://*/ta/man/translate/figs-hendiadys)

ခရစ်တော်၏ တပည့်ဖြစ်သော လူတယောက်ကို . . . ငါသိ၏

ရှင်ပေါလုက မိမိကိုယ်ကို အပြောခံနာမ်စားဖြင့် ညွှန်းထားလေရာ၊ ထိုအတိုင်းသာ ပြန်ဆိုရန် ဖြစ်သည်။

ထိုအခါ သူ၌ ကိုယ်ခန္ဓာ ပါသည်မပါသည်ကို ငါမသိ

မိမိကိုယ်ကို တခြားသူကဲ့သို့ ညွှန်းထားသည်။ "သို့ရာတွင် ကိုယ်ခန္ဓာအားဖြင့်ဖြစ်စေ၊ ဝိညာဉ်အားဖြင့်ဖြစ်စေ မည်သို့ချီဆောင်ခဲ့ကြောင်းကို ငါမသိ"

ဘုရားသခင် သိတော်မူ၏

"ဘုရားသခင် တပါးတည်းသာ သိတော်မူ၏"

တတိယကောင်းကင်

မိုးကောင်းကင် သို့မဟုတ် အာကာသနယ် (ဂြိုလ်စု၊ ကြယ်စုမှအစ စကြာဝဠာပြင်) မဟုတ်သော ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ညွှန်းဆိုသည်။