my_tn/2co/11/01.md

2.7 KiB

ဆက်စပ်မှုဖော်ပြချက်

ပေါလုသည် ဆက်လက်၍ သူ၏ တမန်တော်ဖြစ်ခြင်းကို အခိုင်အမာ ပြောဆိုသည်။

ငါမိုက်မဲသောအပြစ်ကို

မိုက်သောသူ တစ်ဦးကဲ့သို့ ပြုမူရန် ငါ့ကို အခွင့်ပေးသည်။

စိုးရိမ်သောစိတ်နှင့်

ကောရိန္သုမြို့တွင် နေသော ခရစ်ယာန်တို့သည် ခရစ်တော်အပေါ်တွင် သစ္စာရှိသောသူများဖြစ်ရန် နှင့် တစ်ဦးတစ်ယောက်မျှ ခရစ်တော်ထံမှ ထွက်ခွာသောသူ မဖြစ်ရန် ရှင်ပေါလု၏ ခိုင်မာသောဆန္ဒကို ဖော်ပြသည်။

ငါသည်သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြားဆောင်နှင်းပြီးသောကြောင့်

ပေါလုသည် ကောရိန္သုမြို့တွင်နေသော ခရစ်ယာန်တို့အား ဂရုစိုက်သည်ကို ပြေဆိုရာတွင် "သူသည် အခြားတစ်ယောက်ကို သူ၏သမီးနှင့် လက်ထပ်ပေးမည်ဟု ကတိပေး သည်၊ သူသည်ထိုသူအား အလွန် ဂရုစိုက်သောကြောင့် သူပေးပြီးသောကတိကို စောင့်ထိန်းမည်" ဟူ၍ပြောဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သူ့သမီးကို သူ၏ခင်ပွန်းအားပေးရန် ကတိပေးထားသော ဖခင်နှင့်တူသည်။ သတို့သမီးကညာသည်ကတိပြု သကဲ့သို့ ငါသည် သင့်အပေါ် ကတိတည်မည်။ ထို့ကြောင့် ငါသည် ခရစ်တော်ထံ သင့်ကို ဆက်သနိုင်မည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)